Chapter 67: Finale Part 2

4.1K 316 37
                                    

(Unicode)

"ကျဲလိုက်ခဲ့တဲ့ ဦးလေးက ညီမဦးလေးလား?"

ကျန့်ရှူးယိ ချယ်ရီသီးတွေ မဖိတ်အောင်
ကြိုးစားလိုက်သည်။သို့သော် အဲ့ဒီ့အချိန်တွင်
ချင်ရှိယွဲ့ IQ က ရုတ်တရက် ဆယ်ဆတိုးလာပုံသလိုပဲ။ ကျန့်ရှူးယိ ကိုပြန်ဖြေချိန်တောင်မပေးဘဲ မေးခွန်း ၃ ခု ဆက်တိုက် မေးပါတော့သည်။

"ဒါကြောင့် သူက ညသန်းခေါင်ကြီး ကျဲရဲ့ပို့စ်ကို Like ပေးခဲ့တာပေါ့ ?!
ဒါကြောင့် သူက နှစ်သစ်ကူးတုန်းက Qingan ကိုတောင် သွားခဲ့တာလား??။ အိုး-အိုး!
အရင်က သူ့အိမ်နားက ကျဲကိုတွေ့တုန်းက အဲ့ဒီမှာ
ဘာလုပ်နေတာလဲလို့ တွေးမိဖူးတယ်!"

ကျန့်ရှူးယိ: "......"
သူမမှာ...ပြောစရာမရှိ။ဧည့်ခန်းထဲမှာ ရှီယန့်က
သူ့ဂျာကင်အင်္ကျီကို ချွတ်လိုက်ပြီး ဆိုဖာပေါ် စိတ်အေးလက်အေးနဲ့ မှီထိုင်နေရင်း သူ့ကောင်မလေး ဖြစ်ပျက်နေတာကို မသိလိုက်ဘူး။

"ဒါပေမယ့် ဘာဖြစ်လို့ ညီမ ဦးလေးလဲ???"
ချင်ရှီယွဲ့ က ချယ်ရီခြင်းတောင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး သူမရဲ့ မျက်လုံးတွေက
ရှုပ်ထွေးမှုတွေနဲ့ ပြည့်နေတယ်

" ကျဲပြောခဲ့တာ ကျဲရဲ့ ချစ်သူက.. သူဘာလုပ်လိုက်တာ၊ လှည့်စားခဲ့တယ်၊ ပြီးတော့ အာ့ ..ငါဘာတွေပြောနေမှန်းတောင် မသိတော့ဘူး !"

"အိုခေ အိုခေ တော်လိုက်သင့်ပီ!"

ကျန့်ရှူးယိ သူမရဲ့ အလိမ်အညာတွေက ကြာရှည်မခံ
တော့မှာကို သဘောပေါက်တာကြောင့် ပွင့်ပွင့်လင်းလင်း ပြောရမယ့်အချိန်ရောက်နေပြီ။

"တို့ လူမှားသွားတယ်! အဲဒီ့သူရဲ့ ဦးလေးက
ရှီယန့်လို့ထင်ခဲ့တာ။"

လူမှားသွားတာလား!
ဒီလိုကိစ္စမျိုးကိုတောင် မှားရဲတယ်?!

"ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်၊
အဲ့တာ အရမ်းရှက်ဖို့ကောင်းမှန်း ငါသိတယ်၊
ဒါပေမဲ့ ဖြစ်ပြိးသွားပြီလေ။ ငါလူမှားသွားခဲ့တယ်!"

ချင်ရှီယွဲ့ နှုတ်ခမ်းတွေဟသွားပြီး စက္ကန့်အနည်းငယ်
ကြာပြီးမှ

"ဒါဆို ဒါကို ညီမ ဦးလေးသိလား"

ကျန့်ရှူးယိ က ခေါင်းငုံ့ပြီး ဖြည်းညှင်းစွာ
ခေါင်းညိတ်လိုက်သည်။ချင်ရှီယွဲ့ ဘာတွေ တွေးပြီး ဘယ်လောက် ဒေါသထွက်နေမလဲကို ... သူမ မသိပါ။ချင်ရှီယွဲ့ တကယ်သာဒေါသထွက်လာခဲ့ရင် ယောက်ျားတွေကို ဘယ်လိုနှစ်သိမ့်ရမှန်းတောင် မသိတဲ့ သူမတော့ မိန်းကလေးတစ်ယောက်ကို ဘယ်လို
နှစ်သိမ့်ပေးနိုင်ပါ့မလဲ။
အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ချင်ရှီယွဲ့က
ဘာမှပြန်မပြောသေးဘူး။

Only for Love (Translation)Where stories live. Discover now