Chapter 16.1: Is Your Heart Made of Stone?

3.6K 298 6
                                    



(Unicode)

မီတာ 500 အကွာအဝေးရှိတဲ့ အားကစားကွင်းကို ဖြတ်ဖို့ ခုနစ်မိနစ်/ ရှစ်မိနစ်လောက် ကားမောင်းရပြီး လမ်းဆုံကိုဖြတ်လာတော့ တစ်ဖက်ကို ကားတွေ ချိုးသွားကြတော့ လမ်းမပေါ်မှာ ကားက ပိုရှင်းလင်း လာတယ်။

ရှီယန့် ကားမောင်းတာက မောင်းသူထိုင်ခုံမှာ
အေးအေးသက်သာ ထိုင်ရင်း စတီယာတိုင်ကို ခွန်အားအများကြီး မထည့်ဘဲ မောင်းပေမယ့် ကားက
သူ့ထိန်းချုပ်အောက်မှာ။ လက်ရှိကားအရှိန်ကလည်း အရမ်းမြန်လွန်းနေသည်။

ကျန့်ရှူးယိက မတ်မတ်ထိုင် ၊ ထိုင်ခုံခါးပတ်ကို
တင်းကျပ်စွာ ဆုပ်ထားပြီး ဘေးမှာ ကျန်ခဲ့တဲ့
မြင်ကွင်းတွေကို ခေါင်းလှည့်မကြည့်ရဲဘဲ မဝံ့မရဲ
ငေးကြည့်နေမိသည်။

နောက်လမ်းဆုံမှာ မီးနီမိတော့ ရှီယန့် က ဘရိတ်ကိုနင်းပြီး ခေါင်းကို ဖြည်းညှင်းစွာ လှည့်ကြည့်သည်။

သူစကားမပြောသော်လည်း ကျန့်ရှူးယိ က
ရှေ့တည့်တည့်ကိုကြည့်ကာ သူမမျက်လုံးများကို
တည်ငြိမ်စွာမှိတ်လိုက်ပြီး

"ခဏလေးစဉ်းစားပါရစေဦး"

"ကောင်းပြီ။"

ရှီယန့် က စတီယာရင်ပေါ်မှာ သူ့လက်ကို တင်လိုက်ပြီး အပြုံးမပျက် ပြုံးပြရင်း

"မင်း ဇာတ်လမ်း စဉ်းစားလို့ မပြီးသေးဘူးလား"

ကျန့်ရှူးယိ: "စိတ်မပူပါနဲ့၊ စာမေးပွဲတွေတောင်
မိနစ်ကိုးဆယ်လောက်ကြာတယ်လေ။"

ရှီယန့်က ပြန်မဖြေဘဲ သူ့အာရုံက ကားလမ်းမပေါ် ပြန်ရောက်သွားတယ်။ လမ်းမပေါ်မှာ အရှိန်ပြင်းစွာသွားနေတာကို ကြည့်ရင်း ကျန့်ရှူးယိ ရုတ်တရက် တစ်ခုခုကို တွေးမိသည်...

ဘယ်သွားနေကြတာလဲ?

ရှီယန့်ကို တစ်ချက်ကြည့်လိုက်တော့လည်း သူမကို စကားပြောဖို့ အလွန်ပျင်းနေပုံ။ ထို့ကြောင့် သူမသည် မမေးရန် ဆုံးဖြတ်ပြီး ပါးစပ်ကို တိတ်တဆိတ်
ပိတ်လိုက်သည်။

တိတ်ဆိတ်သောပတ်ဝန်းကျင်တွင် ကျန့်ရှူးယိ
အသက်ပြင်းပြင်းရှူရင်း သူမ၏ခြေကျင်းဝတ်ကို
ပွတ်သပ်လိုက်သည်။

Only for Love (Translation)Where stories live. Discover now