Chapter 32: I'm Afraid That You'll Be Addicted to My Beauty

4K 293 22
                                    

(Unicode)

ဘာလို့...သူပြုံးနေပြန်ပြီလဲ?

ကျန့်ရှူးယိ သည် သူ့အမူအရာကို အမှတ်မထင်
ဖမ်းမိလိုက်တာနဲ့ သူမအား အဝတ်ဗလာနှင့်
ဖမ်းမိသလိုမျိုး  သူမ၏ လျှို့ဝှက်ချက်များနှင့်
လျှို့ဝှက်ထားသော အတွေးများအားလုံးကို
လူမိသွားသလို ခံစားရသည်။

"အိုး?" ရှီယန့်က သူမကိုကြည့်ပြီး မျက်ခုံးပင့်ကာ
"သူငယ်ချင်းဟောင်းနဲ့တွေ့တာလား။"

ကျန့်ရှူးယိ သည် သူမနှာခေါင်းဖျားကို တို့လိုက်ရင်း 
အပြစ်ရှိသည့် ခံစားချက်ဖြင့် ဝန်ခံလိုက်သည်

"ဟုတ်တယ်..."

ရှီယန့်က ခေါင်းညိတ်လိုက်ပြီး "အိုး၊ မင်း  Blind date သွားတွေ့နေတာလို့ ငါထင်နေတာ"

ငါသိသားပဲ။

သူဘာဖြစ်နေတာလဲ? သူဘယ်လိုလုပ် ဒီလို ပေါ့ပေါ့လေး ပြောနိုင်တာလဲ။

ကျန့်ရှူးယိ သည် သူအနည်းငယ် ဒေါသထွက်နေပုံ
ရသည်ဟု ခံစားမိသည်။

"ဘယ်က Blind dateလဲ? ကျွန်မက ဘာကြောင့် blind date သွားရမှာလဲ။ ရှင်က လာနောက်နေတာလား။
ပိတ်ရက်မို့လို့ သူငယ်ချင်းဟောင်းနဲ့ ဆုံဖို့ သွားခဲ့တာပါဆို"

ရှီယန့်က စကားဆက်မပြောဘဲ သူမကို တစ်ချက်
ကြည့်လိုက်သည်။ သူမ.. အမှန်အတိုင်းပြောမယ့်
အချိန်ထိ စောင့်နေတဲ့ပုံနဲ့။

အချိန်အတော်ကြာပြီးနောက် "သူငယ်ချင်းဟောင်း"
ရှီယန့်က အေးစက်သောလေသံဖြင့်
"မင်းမှာ အချိန်တွေအများကြီးပေါနေပုံပဲ"

"..."

သူ ဒီလိုပြောတဲ့အခါ ကျန့်ရှူးယိလည်း
ဒေါသဖြစ်သွားတယ်။

တခြားသူသာ ဒီလိုလာပြောရင် ချက်ချင်း
လှည့်ထွက်သွားမှာပါ။

ဒါ​ပေမဲ့  အခု​ပြောတဲ့သူက ရှီယန့်​။

ရှီယန့်က ဘယ်လိုလူမျိုးလဲ။

သူက  သာမာန်လူတွေလို စကားမပြောတတ်သူဖြစ်သည်။

သူ့စကားတွေကို ပြောင်းပြန်မှတ်ယူရမည်။

အဲဒီလို တွေးပြီးတာနဲ့ ကျန့်ရှူးယိရဲ့ နှလုံးသားထဲက
ဒေါသတွေ ရုတ်တရက် ပျောက်သွားတယ်။

Only for Love (Translation)Where stories live. Discover now