Chapter 12: Screaming Your Name in My Heart!

3.9K 337 16
                                    

(Zawgyi)

မနက်အစောကြီး မိုးစဲတော့ မဂ္ဂဇင်းတိုက်ကို ဝန်ထမ်းတွေ တယောက်ပြီး တယောက် အလုပ်တက်လာကြသည်။ ထီးတွေနဲ့ အနွေးထည်တွေနဲ့ ဆောင်းတွင်း အအေးဒဏ်ကို အတော်လေး ခံစားနေကြရသည်။

ကျန်းရှုယီ တစ်ယောက်  မနေ့ညက ကောင်းကောင်းအိပ်မပျော်သောကြောင့် သူမနိုးလာသောအခါတွင် အရင်ထက်ပိုပြီး အနည်းငယ် ပိန်ပိန်ပါးပါးဖြစ်နေသည်။ အိပ်ရေးပျက်တာတွေများလို့  facial mask ကို အချိန်အတော်ကြာ ကပ်ထားလိုက်တာကြောင့် အိမ်ကနေ နောက်ကျမှထွက်ပြီး ရုံးကို အချိန်မီရုံလေး ရောက်လာသည်။

စိတ်အခြေအနေကလည်း တော်တော်မကောင်းဖြစ်နေတာမို့လို့ သူမကို လိုက်ကြည့်နေတဲ့ ကျင်ရှစ်ယွယ်ရဲ့ အကြည့်တွေကိုလည်း  သတိမထားမိပေ။

ကျင်ရှစ်ယွယ်ကတော့  ခိုင်မာတဲ့အထောက်အထားမရှိပေမယ့် မနေ့ညက ရှစ်ယန်အိမ်မှာရှိတဲ့သူဟာ  ကျန်းရှုယီပဲလို့ ခံစားနေမိသည်။

နေ့ခင်းဘက်တွင် ကျင်ရှစ်ယွယ်တစ်ယောက် သူမအတွက် အဒေါ်ပြင်ပေးလိုက်တဲ့ နေ့လယ်စာ ဆင်းယူဖို့ အောက်ထပ် ဆင်းလာတဲ့အခါ  အနားယူတဲ့ နေရာတွင် လူအနည်းငယ်က တီးတိုး ပြောဆိုနေသံကို ကြားလိုက်ရသည်။

သနားစရာကောင်းလိုက်တဲ့  ကျန်းရှုယီ ၊ သူ့စာမူကြမ်းကို Mingyu ဘက်က အကြိမ်ကြိမ် ငြင်းခဲ့တယ်တဲ့။"

"တစ်ယောက်ယောက်ကို သွားထိမိလို့နဲ့တူတယ် "

"ဖြစ်ရမယ်။ ရူယိရဲ့ စာမူကြမ်းတွေက အရမ်းကောင်းပြီး  အရင်က ဘယ်သူမှ မငြင်းခဲ့ဖူးပါဘူး။"

"အလုပ်ပြီးရင် သူ့လက်တော့ပ်ကို နေ့တိုင်း အိမ်ယူသွားတာတွေ့တယ်၊ ညတွေ တော်တော် ညလုံးပေါက် နေနေရတယ်တဲ့ "

"ဟုတ်တယ်၊   ဝိတ်လည်းအများကြီး ကျသွားပုံပဲနော်။  စိတ်မကောင်းလိုက်တာ။"

ကျင်ရှစ်ယွယ် မိနစ်အနည်းငယ်ကြာ သေချာစဉ်းစားခဲ့သည်။

ရှစ်ယန်က သူမဘွဲ့ရရုံမျှဖြင့်  ဤနေရာတွင် အလုပ်လာလုပ်ရန် စီစဉ်ပေးခဲ့သည်ကို သူမသိသည်၊ ဒီအလုပ်က သူမ၏ စိတ်ရှည်မှုနှင့် ဒေါသကို လေ့ကျင့်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ လေ့ကျင့်ရေးသင်တန်းလို လာတဲ့သူဖြစ်တဲ့အတွက် သူမမိသားစုနောက်ခံကို လူတိုင်းသိစေမည်မဟုတ်သော်လည်း မဂ္ဂဇင်းထုတ်ဝေသူနှင့် အမှုဆောင်အချို့ကသာ သိသည်။

Only for Love (Translation)Where stories live. Discover now