Chapter 8.1: Tough Task Before New Year =.=

3.8K 326 8
                                    




(Zawgyi)

ဆိုရိုးတစ်ခုရှိပြန်တယ် ဒီလိုရှည်လျားလှတဲ့ ခရီးလမ်းကြီးမှာ ဆူးညှောင့်ခလုတ်တွေကျော်လွှားပြီးမှ အတောက်ပဆုံး အောင်မြင်မယ်မဟုတ်လား။

နေဝင်ညကို ကူးဖြတ်ပြီးမှ ရောင်နီသာတဲ့နေ့သစ်ကိုရောက်မယ် <3 <3 <3

ကျန်းရှူယီ  စိတ်မကျစေဖို့ ကိုယ့်ကိုယ်ကိုယ် အားပေးလိုက်တယ် ပလတ်စတစ်ဆိုတော့ရော ဘာဖြစ်တုန်း ?

"ကျွန်မတို့ဘိုးဘွားတွေက ဆင်းရဲပါတယ်၊ လယ်သမားတွေဖြစ်တဲ့အတွက် ဘာမှလည်း ကောင်းကောင်းမသိခဲ့ မမြင်ခဲ့ပါဘူး "

"ပလတ်စတစ်ဆိုပေမယ့်လည်း ကျွန်မတို့ မိသားစုအတွက် အရေးအကြီးဆုံး တန်ဖိုးအရှိဆုံးမို့ ပြန်လိုချင်ပါတယ်။ အဖွားက နှစ်တွေအတော်အကြာကြီး သိမ်းခဲ့လို့သာ ခုထိရှိနေတာပါ၊ ပလတ်စတစ်ဆိုပေမယ့်လည်း အလွယ်တကူ ပျက်စီးနိုင်တယ်။ ကျမ ကိုယ်တိုင်လည်း အရေးကြီးတဲ့ နေ့တွေကလွဲပြီး ဝတ်လေ့ မရှိပါဘူး။ "

ကျန်းရှူယီဆိုဖာပေါ်မှာထိုင်နေရင်း ဘေးနားက လေသန့်စင်စက် အသံကြားရအောင် တိတ်ဆိတ်လို့။ 

"Miss Zheng, ဘယ်အချိန်လိုချင်တာလဲ?"

"မြန်လေကောင်းလေပါပဲ"

"..."

"မတွေ့ရမချင်း မအိပ်နိုင်ပါဘူး"

"ဒါဆို လာပို့လိုက်ပါမယ်?"

"ဒုက်ခမရှာပါနဲ့ ကိုယ့်ဘာသာ လာယူပါမယ်"

"... Okay."

ထို့နောက် သူဖုန်းချလိုက်သည်။ ခနနေတာ့ သူမဖုန်းထဲ လိပ်စာရောက်လာသည်။

– "Bay of Clouds" ဘယ်နေရာလဲဆိုတာ သူမသေချာသိသည်။ အိမ်ခြံမြေ အသိအရ အဲ့ဒီ့နေရာဟာ ချန်ဆန်ရဲ့ အိမ်နေရာ မဖြစ်နိုင်။

ဒါဆိုရင် ...

ကျန်းရှူယီ  ထိုင်ရာမှ ထ တခါတည်း အိပ်ခန်းထဲပြေးဝင် အဝတ်လဲ။ သူမအကြိုက်ဆုံး နှုတ်ခမ်းနီအရောင်ကို ပြန်တင်လိုက်သည်။

ညက ဆောင်းရာသီပီသစွာအေးနေပါပြီ။ နာရိဝက်ကြာတော့ သူမလိပ်စာအတိုင်းရောက်လာခဲ့သည်။

Only for Love (Translation)Where stories live. Discover now