Chapter 38: You're Not Her Uncle??

3.8K 320 31
                                    



(Unicode)

အားလပ်ရက်ဖြစ်သော်လည်း နွေဦးပွဲတော်ဟာ 
တစ်နှစ်တာလုံးမှာ အလုပ်အများဆုံးနေ့တွေထဲက 
တစ်ခု အပါအဝင်ပါ။

၂၈ ရက်နေ့ ည၊  အိမ်ပြန်ရောက်ကတည်းက ကျန့်ရှူးယိ  ကောင်းကောင်းမနားရသေးဘူး။ မိဘတွေက
အိမ်သန့်ရှင်းရေးလုပ်ဖို့ရယ် နှစ်သစ်ကူးအတွက်
ပြင်ဆင်မွမ်းမံဖို့  သူမကိုပါ ကူခိုင်းရတာပေါ့။ ပြိးတော့  နေမကောင်းဖြစ်နေသည့်  ဆွေမျိုးတစ်ဦးထံ သတင်းသွားမေးရင်း နောက်ဆုံး သုံးဆယ်ရက်ညမှပဲ  အားလုံး
ပြီးသွားတော့သည်။

ညနေပိုင်းတွင် ဖေဖေက မီးဖိုချောင်ထဲတွင် နှစ်သစ်ကူးညစာစားပွဲအတွက် ချက်ပြုတ်ပြင်ဆင်နေပြီး 
တီဗီမှာလည်း တရုတ်နှစ်သစ်ကူး အခမ်းအနား ဖျော်ဖြေမှုကို ဖွင့်ထားသည်။ အန်တီဝမ် ( ရှူးယိ မားမားကို ချစ်စနိုး ဒီလိုပဲခေါ်လိုက်မယ်) က  ဆိုဖာပေါ်တွင်ထိုင်ကာ
နေကြာစေ့စားရင်း  ဖုန်းကြည့်နေသော ကျန့်ရှူးယိ  ကို တစ်ချက် တစ်ချက် လှမ်းကြည့်နေသည်။

"ဖုန်းကို တစ်ချိန်လုံးကြည့်နေတာ ရပ်လိုက်ဉီး။
ခေါင်းက ဖုန်း screen ထဲဝင်တော့မယ်!"

ကျန့်ရှူးယိ  "သမီး  boss  ဆီ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား  ပို့နေတာပါ။"

"ဘယ်လောက်တောင် ဂရုစိုက်ပြီး ပို့နေရလဲ" အန်တီဝမ်က "ယွိယုံဆီကိုရော   နှစ်သစ် နှုတ်ခွန်းဆက်စကား
ပို့ပြီးပီလား။"

"ဟုတ်​ကဲ့။ ပို့ပီးပါပြီ။ ​ ​​ကံ​ကောင်းဖို့ ၊ ၊ မဆုံးနိုင်​တဲ့
ချမ်းသာမှုတွေ ၊ ​အောင်​မြင်​တဲ့ အလုပ်​အကိုင်နဲ့ 
ကျန်းမာ​ရေး ​ကောင်း​ဖို့ ၊ အဲ့ဒါတွေ အားလုံးပါရင်
စစ်မှန်လုံလောက်ပြီ မဟုတ်လား? ​တစ်လုံးချင်းစီ
သေချာစဉ်းစားပြီး ​ရေး​ပေးထားပါတယ်​။"

အန်တီဝမ်က သူမသမီး  ရွဲ့ဖြေတယ်ဆိုတာလည်း
သိနေပါတယ်။
"သူနဲ့အတူ ထမင်းစားပြီး အဲဒါတွေကို ကိုယ်တိုင်ကိုယ်ကျ အပြင်မှာပြောနိုင်တယ်လေ။ အဲဒီလိုမျိုးက ပိုပြီး
စစ်မှန်ရိုးသားတာ မဟုတ်ဘူးလား"

ကျန့်ရှူးယိ က ပြန်ပြောချင်ပေမယ့် ဖုန်းထဲက တစ်ခုခုကို တစ်ချက်ကြည့်လိုက်ကာ သူမအခန်းထဲကို
ချက်ချင်းပြေးသွားသည်။

Only for Love (Translation)Where stories live. Discover now