Chapter 48: Thinking About You

4.6K 354 61
                                    

(Unicode)

Previous...

"အဲ့တာက ... ပထမဆုံးအကြိမ် ဆုံတာလို့
ဘယ်သူ ပြောလဲ"

"ဟင်?"

ကျန့်ရှူးယိ.. ရှီယန့်ကို  စိုက်ကြည့်ရင်း
အသည်းအသန်စဉ်းစားကာ

"အဲဒါ... ကြာပြီလား။"

သူမမျက်လုံးတွေက ဝိုင်းဝိုင်းလည်သွားသလို
တိတ်တိတ်လေးဖွဖွရေရွတ်ရင်း

"ကောလိပ်တက်တုန်းက ဖြစ်ပါ့မလား။
ဒီ့ထက်  စောတာရော  မဖြစ်နိုင်ဘူးလား?
ကောလိပ်တက်မှ Jiang City ကိုစရောက်တာလေ။"

ရှီယန့်က သူမကို  လက်နဲ့တောက်လိုက်တဲ့ပုံစံမျိုး
လုပ်လိုက်တော့ ကျန့်ရှူးယိ လက်ရှိအနေအထားကို ပြန်ရောက်လာပြီး...

"ဘာလဲလို့.."

"အိမ်ပေါ်တတ်ဖို့ ... အချိန်တန်ပြီ"

ရှီယန့်က ကားမှန်ကို  အရေးတကြီး ပုံစံနှင့် တင်ရင်း
ကားကို ဖြည်းညှင်းစွာ လှိမ့်ထွက်လိုက်သည်။

ကျန့်ရှူးယိ က ကားပြတင်းပေါက်ကို ဖိပြီး
ပြောလိုက်တယ်...

"အဲဒါကို ပြောပြပါသွားဉီး၊ မမှတ်မိဘူးလို့"

သူမဆီက "မမှတ်မိဘူး" ဟူသော စကားလုံးများကို
ကြားလိုက်ရခြင်းကြောင့် ရှီယန့်က အခုချိန် ဟာသတစ်ခု ကြားလိုက်ရသလို ခံစားလိုက်ရသည်။

ကားပြတင်းကိုကိုင်ထားတဲ့  ကျန့်ရှူးယိ၏ လက်ချောင်းများကို တစ်ချောင်းပြီး တစ်ချောင်းဖယ်လိုက်ရင်း...

"မမှတ်မိရင် မစဉ်းစားနဲ့။"

——

ရှီယန့်က ဒီအကြောင်းအရာကို ဆက်မပြောချင်ပေမယ့် ကျန့်ရှူးယိ က ဒီမေးခွန်းကို  ကုတင်ဘေးမှာ အကြာကြီးထိုင်ကာ စဉ်းစားနေခဲ့သည်။

ရှီယန့်ကို သူမ.. မြင်ဖူးခဲ့လျှင် သေချာပေါက်
မှတ်မိနေလိမ့်မည်။
(Interview သွားတာတောင် ကိုယ်ဗျုးမယ့်သူကိုမမြင်ဖူးသော မမရှူးယိပါ 😆)

ဒါပေမဲ့ ရှီယန့်က သူမကို မပြောတဲ့အတွက် သူ့ကိုလည်း အတင်းအကြပ် ပြောပြခိုင်းလို့မရခဲ့။

Only for Love (Translation)Where stories live. Discover now