Chapter 21.2: Zheng Shuyi, That's Enough

3.4K 286 11
                                    


နေ့လည်စာစားပြီးနောက် ကျန့်ရှူးယိ ဆက်မနေနိုင်တော့ဘဲ  ပစ္စည်းတွေ အမြန်ထုပ်ပိုးပြီး ရှီယန့်နှင့်အတူ
ထွက်လာခဲ့သည်။

ဒရိုင်ဘာက ကားစက်နှိုးထားပြီး အဆင်သင့်
စောင့်နေတယ်။

ရှီယန့် ကားဆီသို့ အမြန်လျှောက်လာပြီး တံခါးကို
ဖွင့်လိုက်သည်။ ထို့နောက် စိတ်မရှည်စွာ
ပြန်လှည့်ကြည့်ရင်း ...

"ကားထဲဝင် ... ။"

ကျန့်ရှူးယိအစက ကားပေါ်တက်ပြီး ပြန်ဖို့ ဖြစ်ပေမယ့် သူ့လေသံကြားတော့ သူမ ရပ်သွားတယ်။

သူမက  ရှီယန့်ကို နောက်ကျော လက်နှစ်ဖက်ပစ်ရင်း လေသံတိုးတိုးလေးနဲ့ ...

"ဒီနေ့ ရာသီဥတုက အရမ်းကောင်းပြီး နေရောင်ကလည်း လင်းနေတာပဲ~ ကားမစီးချင်ဘူး။
လမ်းလျှောက်ချင်တယ်"

သူမ ရှေ့ကို ဖြည်းဖြည်းချင်းတိုးလိုက်ပြီး 
" ကျေးဇူးပြုပြီး ကျွန်မနဲ့အတူလိုက်လျှောက်နိုင်မလား ~ "

လေပြင်းတချက်တိုင်အပြီး သစ်ရွက်လေးတွေ
မြေပြင်ပေါ် ကျသွားသည်။

ရှီယန့်က ကားတံခါးကို မှီရင်း ကျန့်ရှူးယိ ဆီ
ခေါင်းလှည့်ကြည့်ကာ အချိန်အနည်းငယ်ကြာ
ကြည့်နေပြီးနောက် " ...မင်းရဲ့လောဘကြီးတဲ့ နှလုံးသားကို ကျေနပ်စေမယ့် နည်းလမ်းရှိရင် ပြောပြပါဉီး"

ကျန့်ရှူးယိ: "..."

စောနက ထမင်းဝိုင်းမှာ  သူမရရှိခဲ့တဲ့ ကြီးကျယ်တဲ့
အောင်ပွဲကြောင့် သတ္တိရှိလို့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သူမက ရှီယန့်ကို စိုက်ကြည့်ကာ "ဟေ့၊ ဆနရှိရင်
အမြဲတမ်း နည်းလမ်းရှိတယ်။ ကျမတို့ ကဗျာတွေ
အတူတူ စပ်လို့ရပါတယ်။"

ရှီယန့်က ပြန်မဖြေဘဲ အလေးအနက်မထားတဲ့ 
မျက်လုံးတစ်စုံနဲ့  သူမကို ကြည့်နေတယ်...

"..."

သစ်ပင်ကြီးတွေရဲ့ အရွက်တွေက ကြွေကျဖို့ မဝံ့မရဲဖြစ်ပုံရတယ်။

ခနကြာတော့ ကျန့်ရှူးယိ သူမအရှုပ်တွေ လုပ်မိနေမှန်း သတိထားမိလိုက်တယ်။

အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ရှီယန့် မျက်လုံးများကို မှိတ်လိုက်ပြီး   ကျန့်ရှူးယိ ဆီလျှောက်လာသည်။

Only for Love (Translation)Where stories live. Discover now