Chapter 13: "I'll Take You Home"

3.8K 330 11
                                    

(Zawgyi)


သတင်းစာရှင်းလင်းပွဲအရှေ့ဆုံးခုံတန်းနားတွင် လူများ စည်ကားနေသော်လည်း ရှစ်ယန်နားတွင် ဘယ်သူမှမရှိ။

ဒါကြောင့်လည်း ကျန်းရှုယီ သူ့အသံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။

ရှစ်ယန်က သူမကို ဘာကြောင့်ခေါ်နေမှန်း မသိသောကြောင့် စက္ကန့်အနည်းငယ်ကြာ စိတ်ရှုပ်သွားသည်။

သူ တစ်ခုခုလိုလို့လား။

သူငါ့ကိုဘာအတွက်လိုအပ်တာလဲ။

ပတ်ဝန်းကျင်ရှိလူတိုင်းက ကျန်းရှုယီ ဆီကို လှမ်းကြည့်ကြသည်။

ဟုန်ဘုန်မင်းကလည်း စူးစမ်းလိုစိတ်ဖြင့် လည်ပင်းကို ဆန့် နားကိုစွင့်လို့ ။ ထို့နောက် သူက ကျန်းရှုယီ လက်ကို လှမ်းဆွဲပြီး

" မင်းကို ခေါ်နေတယ်။"

ကျန်းရှုယီ ခေါင်းကိုလှည့်ကာ မျက်တောင်ခတ်လိုက်ပြီး အတွေးတစ်ခု ရုတ်တရက် ပေါက်ထွက်လာသည်။

သူမသည် ဟုန်ဘုန်မင်းကို ကြည့်ရင်း WeChat ဖွင့်လိုက်တော့ သူမမျက်လုံးများက အဖြေရသွားသလိုပင် ...

ရှစ်ရန်! အဆင်မပြေဘူး!

သူ! လား! မနာလို!

သူ! မနာလိုနေတာလား!

စိတ်ထဲတွင် ပျော်ရွှင်စွာ ခုန်ပေါက်ရင်း ဆံပင် ဖြောင့်စင်းကိုခါ ဒေါက်မြင့်ဖြင့် စင်ပေါ် တက်ကာ နောက်ဘက်တံခါးဆီသို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။ တံခါးကို လှမ်းဆွဲလိုက်သောအခါ သူမ၏ အပြုံးကပိုမိုတောက်ပလျက် ... အရမ်းပျော်နေပြီ ။ လူတွေသာမရှိရင် ခုန်ပေါက် ပျော်ရွှင်ပြီးဆင်းသွားမလား ပြောမရ။ အနောက်က နားနေခန်းသည် လုံးဝခြားနားသောကမ္ဘာတစ်ခု အသွင် ပြတင်းပေါက်များက အလွန်သန့်ရှင်းကြည်လင်နေပြီး နေရောင်တစ်ခုတည်းက အခန်းတစ်ခုလုံးကို လင်းစေနိုင်သည်။ ဆိုဖာအများအပြားကို အတန်းလိုက်ချထားပြီး ကြမ်းပြင်ကို ကော်ဇောပျော့များဖြင့် ဖုံးအုပ်ထားသည်။ စားပွဲဝိုင်းတစ်ဝိုက်တွင် ၀တ်စုံ ပြည့်ဝတ်ဆင်ထားသော လူငယ်လေးများက အိုင်ပက် ဖိုင်တွဲများကို လက်ထဲတွင် ကိုင်ဆောင်ကာ အချင်းချင်း တီးတိုးပြောနေကြသည်။

Only for Love (Translation)Where stories live. Discover now