Chapter 5.2: Do You Have a Girlfriend

4.2K 316 5
                                    

(Zawgyi)

ကွမ်ရှင်းကျန် ကလက်ထဲမှာ သားရေ ကျာပွတ်ကိုင်ထားပြီး လမ်းလျှောက်လာကာ ရှစ်ယန်ဘေးမှာရပ်နေတဲ့ ကျန်းရှူယီ ကို သတိထားမိလိုက်သည်။

"ဘယ်သူများလဲ?"

သူက ကျန်းရှူယီကိုကြည့်ပြီးမေးလာသည်။

ရှစ်ယန်ပြောတာကို စောင့်မနေဘဲ ကျန်းရှူယီစတင်နှုတ်ဆက်လိုက်သည်။

"Hello Mr.ကွမ် ကျန်းရှူယီ ပါ။ 'Finance Weekly က သတင်းထောက်ပါ'"

"Oh, 'Finance Weekly'..." ကွမ်ရှင်းကျန် ခေါင်းတဆတ်ဆတ်ညိတ်ပြီး "မင်းအကြောင်းတွေ ကြားဖူးပါတယ်။ မင်းရေးတဲ့ ဆောင်းပါးတွေလည်း အရင်ကဖတ်ဖူးတယ်။ သေသေချာချာစေ့စေ့စပ်စပ် ဖော်ထုတ်ရေးသားထားတာပဲ။ ဒီလိုဆောင်းပါးတွေရေးတဲ့သူက ဒီလောက်ငယ်ရွယ်တဲ့ မိန်းကလေးလို့တော့ ထင်မထားမိဘူး "

ရှစ်ယန်ဘေးနားမှာရှိနေလို့ သူမအနေနဲ့ ဒီလိုအမွှမ်းတင်မှုကို လက်မခံဝံ့ ဒါပေမဲ့ လက်ခံရပေမည်။

ခေါင်းမော့ပြီး အပြုံးလေးနဲ့ "ကျေးဇူးတင်ပါတယ်ရှင်။ ထပ်ပြီး ပိုတိုးတက်ကောင်းမွန်အောင် ကြိုးစားပါ့မယ်"

မိတ်ဆက်ပြီးနောက် ကွမ်ရှင်းကျန် က သူ့ဧည့်သည်တွေကို ပျော်ပျော်ပါးပါးကြည့်ရင်း "ရှစ်ယန်တစ်ယောက်တည်းလာမယ်ထင်လို့ ကောင်းကောင်းမပြင်ထားမိဘူး။ ဒီလိုနေရာကိုလာတာလည်း အမျိုးသမီးအနည်းငယ်ပဲရှိတာကိုး "

ဒီလိုကြားလိုက်တော့ Mr.ကွမ် တစ်ယောက် သူမနဲ့ ရှစ်ယန်ကိုအထင်အမြင်လွဲနေပြီဆိုတာကောင်းကောင်းသတိထားမိလိုက်သည်။

"Uncle ကွမ် —"

"Oh my god!"

ရှစ်ယန် စကားပြောဖို့‌ နာမည်ခေါ်လိုက်စဉ်ဘေးနားကအမျိုးသမီးငယ်က ရုတ်တရက်စီခနဲ ထအော်တော့သည်။

Only for Love (Translation)Where stories live. Discover now