Chapter 37: Why Do You Care?

3.9K 321 34
                                    

(Unicode)

ရှီယန့် Like က ကျန့်ရှူးယိ ကို စိတ်လှုပ်ရှားစေပေမယ့် ချင်ရှီယွဲ့ ၏ခေါင်းကို ရှုပ်ထွေးစေပါသည်။
notification  တစ်ခုကို လက်ခံရရှိပြီး
ဖွင့်ကြည့်လိုက်တော့  ....

ဟမ်? လေးလေး?

တစ်စက္ကန့်လောက်တော့ ကိုယ့်ကိုယ်ကိုယ်
အမြင်မှားသလား‌ပေါ့?

ချင်ရှီယွဲ့ တွေးလိုက်တာက ရှီယန့်နှင့်  ကျန့်ရှူးယိ
တို့နှစ်ယောက်  WeChat တွင် အဆက်အသွယ်ရှိနေတာ အံ့သြစရာမဟုတ်ပေ။
နောက်ဆုံးတော့ သူတို့နှစ်ယောက် အင်တာဗျူး အတူတူအလုပ်လုပ်ပြီး  တစ်ယောက်နှင့်တစ်ယောက် WeChat  add ကြတာ အထူးအဆန်းမဟုတ်ပါဘူး။

ဒါပေမဲ့ ထူးဆန်းနေတာက ရှီယန့်က  ဒီပို့စ်ကို like လုပ်တာမျိုးက  ညနက်သန်းခေါင်မှာ သူလုပ်လေ့ရှိတဲ့
အရာမျိုး မဟုတ်ဘူးလေ။

ပြီးတော့  ချင်ရှီယွဲ့ နှင့် ရှီယန့် တို့တူဝရီးနှစ်ယောက်ထဲမှာ  mutual friends  အများကြီးရှိပေမယ့် ရှီယန့်ဟာ သူမရဲ့ Moments တွေတောင်  like ပေးတာမျိုး မမြင်ဖူးပါဘူး။

ရှီယန့်အတွက် WeChat accoun ဟာ အလုပ်အတွက်
သီးသန့်သာသုံးတယ်လို့တောင် တွေးခဲ့ဖူးတယ်။
အလုပ်နဲ့ပတ်သက်တဲ့ messages တွေပို့တာကလွဲလို့
သူမဦးလေးကို  WeChat မှာ တစ်ခါမှ မတွေ့ဖူးပေ။
အမျိုးသမီးတစ်ယောက်ရဲ့  Moments တွေကို like 
လုပ်ဖို့ဆိုတာ ပိုတောင် ဝေးပါသေးတယ်။

caption မပါသော နေ့စဉ်ဘဝရဲ့ ပုံရိပ်လေးတစ်ခုသာ တင်ထားခြင်းဖြစ်သည်။
ထူးခြားတာက ညဉ့်နက်သန်းခေါင်ကြီးမှာ...

ချင်ရှီယွဲ့ တွေးလေ   တစ်ခုခုမှားနေသလို ခံစားလာလေလေဖြစ်သည်။ 
သူမစိတ်ထဲတွေးနေမိတာတွေကို ရှီယန့်ဆီပြောဖို့   chatbox ဆီသွားပြောမယ် ကြံလိုက်ပေမယ့် 
ကြောက်စိတ်က အတင်းပြောချင်စိတ်ကို
အနိုင်ယူနေဆဲပါ။

မေ့လိုက်တော့။  ငါ မသေချင်သေးဘူး ။
——

ရုပ်ရှင်က တစ်ဝက်တစ်ပျက်နှင့် မပြီးသေးပေမယ့်
ရုပ်ရှင်ရုံထဲက လူတစ်ဝက်လောက်က ထွက်သွားပြီးတော့  ရှေ့တန်းမှာ နေရာလွတ်တွေ အများကြီးပဲ။
အချိန်အတော်ကြာတော့  ကျန်းရှူးယိ အနားမှာရှိတဲ့
လူများကလည်း ငြိမ်ငြိမ်ထိုင်ပြီး ရုပ်ရှင်ကြည့်မနေကြတော့ဘူး။ တစ်ချို့က တစ်ယောက်နဲ့တစ်ယောက်
တီးတိုးစကားပြောပြီး တစ်ချို့က ဖုန်းသုံးနေကြတယ်။ နောက်ကျောဘက်မှတောင် ဟောက်တောင်ဟောက်နေပြီ။ရုပ်ရှင်ပြနေတဲ့ screen ကြီးပေါ်မှာတော့  အချစ်ငှက်
နှစ်ကောင်က ကမ်းခြေမှာထိုင်ရင်း  ဘဝအကြောင်းတွေပြောနေကြဆဲ။ပရိသတ်တွေက ဒါရိုက်တာကို
ဘဝအကြောင်း နည်းနည်းပြောချင်လို့ screen 
ထဲကနေ ဆွဲထုတ်ချင်နေလောက်ပြီ။
ရုပ်ရှင်ရုံထဲမှာ  ငြိမ်သက်မနေဘဲ  အမှောင်ထုထဲတွင်
ခံစားချက်တွေပေါင်းစုံ။

Only for Love (Translation)Where stories live. Discover now