Chapter 46: Why Do You Care?

4.6K 335 63
                                    

(Unicode)
Previous ....

"ဒီနေ့ ဒီအချိန်မှာ ဆေးရုံရောက်နေမယ်လို့
မမျှော်လင့်ထားဘူး။"

"ဟုတ်တာပေါ့" ရှီယန့်က မျက်လုံးကို မော့ကြည့်ပြီး
ပေါ့ပေါ့ပါးပါးနဲ့ "မဟုတ်ရင် မင်းက ခုချိန်ဆို ငါ့အိပ်ယာထဲ ရောက်နေသင့်တာပေါ့"
-----——
ရှီယန့် စကားက ကျန့်ရှူးယိ မျက်လုံးထဲမှ ပြန်ကျလာမည့် မျက်ရည်များကို ရပ်သွားစေသည်။ ပြီး‌တော့ မီးစလေးတွေ အဖြစ် ပြောင်းလဲသွားပြီး သူမ ခန္ဓာကိုယ်ထဲတွင် အငွေ့ပျံသွားသည်။

ပထမတော့ သူမ အနည်းငယ် စိတ်ရှုပ်သွားပြီး
နားကြားမှားနေတာလားပေါ့။

ဒါပေမဲ့ ဒီလောက် ရှိးရှင်းတဲ့ စာကြောင်းလေ...။

ဘယ်လိုတွေ ! ဘယ်လိုလုပ်!
သူမ နားကြားမှားနိုင်မှာလဲ ! !

တခဏချင်းမှာပဲ ဝမ်းနည်းမှုတွေ၊ ဖုံးကွယ်ထားတဲ့ အတွေးတွေ အားလုံး ပျောက်ကွယ်သွားပြီး
သူမ စိတ်ထဲမှာ ပျားမြည်သံလို တစီစီ အော်သံတစ်ခုသာ ရှိတော့သည် ။

မဟုတ်ဘူးလေ။ ၊ ဘာလို့ အခုချိန်မှ ရုတ်တရက်
ဒီလိုပြောရတာလဲ။

ကျန့်ရှူးယိ နှုတ်ခမ်းလေးဟပြီး နံရံကို ခဏလောက် မှင်တက်စွာ စိုက်ကြည့်ပြီးနောက် ရှီယန့်ကို လှည့်ကြည့်လိုက်သည်။ သူကတော့ ပေါ့ပေါ့ပါးပဲ။ သူ့မျက်လုံးတွေက နံရံရှိ LED ကြေငြာတွေကို ငြိမ်သက်စွာကြည့်နေပြီး သူပြောလိုက်တာက မှားသည် သို့မဟုတ် မသင့်တော်ဟု ခံစားရပုံလည်းမပေါ်။

ကျန့်ရှူးယိ ဝမ်းနည်းစိတ်တောင် မခံစားနိုင်တော့ဘူး။ သူမ... အဝေးကို မကြည့်မီ စက္ကန့်အနည်းငယ်ကြာအောင် သူ့ကို စိုက်ကြည့်နေသည်။

ဖျားနေပြီဖြစ်သော ခန္ဓာကိုယ် အပူချိန်က ပိုမို မြင့်မားလာတာကြောင့် သူမ.. မျက်နှာပေါ်ရှိ နီမြန်းမှုကလည်း ပို၍ ပို၍ သိသာလာသည်။

"ရှင်......ကျွန်မ ..."

အချိန်အတော်ကြာ ချီတုံချတုံဖြစ်ပြီးနောက် စကားတစ်ခွန်းမှ မပြောနိုင်တော့ဘဲ ရှီယန့်က တည်ငြိမ်အေးဆေးစွာ
ထပ်ပြောသည်

Only for Love (Translation)Where stories live. Discover now