Chapter 64: This Second, You Turned Single.

4.4K 295 39
                                    

(Unicode)

ထိတ်လန့်မှုနှင့် စိတ်ပျက်မှု တွေကြား နှစ်မြုပ်နေဆဲ
ဖြစ်သော ကျန့်ရှူးယိ က ရှီယန့်ခေါ်လိုက်သော "မမ" ကို ကြားလိုက်သောအခါတွင် ပို၍ပင် မပြောပြနိုင်
လောက်အောင် ခံစားခဲ့ရသည်။

လူတွေကြားကနေ ပျောက်နေတာကြာပြီဖြစ်တဲ့ ရှီဟွေ့မန် က ဒီမှာရှိမှန်း သူမသိတယ်။ ရှီယန့် အစ်မနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခြင်းက ဒီလို ကသိကအောက်ဖြစ်စရာ အခြေအနေ ဖြစ်လာလိမ့်မည်ဟု သူမ
မမျှော်လင့်ထားပေ။

သစ္စာဖောက်ခံရသည့် ခံစားချက်ကို သူမ
ကောင်းကောင်းသိသည်။

နောက်ပြီး သူတို့ အိမ်ထောင်ကျတာ
နှစ်အတော်ကြာနေပြီ။  အရှုပ်တော်ပုံအကြောင်း
လူတိုင်းသိလာရင် သူတို့အိပ်မက်များ..
စက္ကန့်ပိုင်းအတွင်း ပြိုပျက်သွားနိုင်သည်။

အချိန်တိုတိုအတွင်းမှာ ဒီလို အဖြစ်မှန်ကို
ဘယ်သူမှ လက်ခံနိုင်မှာ မဟုတ်ပါဘူး။

လူတစ်ယောက်က စိတ်ဓါတ်ခွန်အားနည်းတဲ့သူဆိုရင် သူတို့သက်တမ်းကို စောစောစီးစီးတောင်
အဆုံးသတ်နိုင်တယ်။

ဒါပေမဲ့ အခုအချိန်တွင် ရှီယန့် အစ်မအတွက်
သူမသည် ပထမဆုံးအကြိမ်တွေ့ဖူးသော သူစိမ်းတစ်ယောက်သာဖြစ်ပြီး သူမကို နှစ်သိမ့်ရန် မတတ်နိင်ပေ။
ထို့ကြောင့် သူမ လှည့်မကြည့်မီတွင် သူမ၏ အမူအရာကို ပုံမှန်အတိုင်းဖြစ်အောင် အနည်းငယ် ပြောင်းလိုက်သည်။

ဆေးရုံစင်္ကြန်က ရေခဲတိုက်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေပြီး လေအေးများက တိုက်ခတ်လာသည်။

- နှစ်စက္ကန့်ကြာပြီးနောက် ကျန့်ရှူးယိ... သူမခေါင်းကို
နောက်ပြန်လှည့်ကာ ရှီယန့်ရင်ခွင်ထဲ ပြန်ရောက်သွား
သည်။ မျက်လုံးတွေ ဖွင့်ထားသော်လည်း လုံးဝမလှုပ်။

ရှီယန့် အသက်ရှူလိုက်တိုင်း သူ့ရင်ဘတ်..နိမ့်သွားလိုက် မြင့်သွားလိုက်.. မဟုတ်ပါက သူမ
အိပ်မက်မက်နေမည်ဟု ထင်နေပေလိမ့်မည်။

သူမ ပါးကို ပွတ်သပ်ပြီး ငြိမ်သက်စွာ အသက်ပြင်းပြင်း
ရှူရင်း ခေါင်းကို နောက်တစ်ကြိမ် လှည့်လိုက်သည်။

Only for Love (Translation)Where stories live. Discover now