Chapter 50: You Thought I Was Going to Kiss You?"

4.8K 321 66
                                    

(Unicode)
တိုက်ပွဲကိုအနိုင်ရပြီးနောက် ကျန့်ရှူးယိ... နောက်ဆုံးတွင် ရုပ်ရှင်ကို အာရုံစိုက်နိုင်ခဲ့ပြီ။ဒါပေမဲ့လည်း ရုပ်ရှင်က တစ်ဝက်ကျော်ရောက်နေပြီ ... အခုမှစပြီးကြည့်တော့ ဘာတွေဖြစ်နေလဲဆိုတာကို သူမ မသိတော့ပေ။

သူမက ရှီယန့်နားကပ်ပြီး
"မင်းသားနဲ့ မင်းသမီးက တွဲနေပြီလား" ဟုမေးလိုက်သည်။ရှီယန့်က  screen ကို ကြည့်လိုက်ပြီး
"ဒီမင်းသားက အဓိ ဇာတ်ဆောင် မဟုတ်ဘူး"
လို့ တည်ငြိမ်စွာ ပြန်ပြောသည်။

"အမ်? တကယ်လား?"
ကျန့်ရှူးယိ... ပေါက်ပေါက်စားဖို့ အချိန်တောင် မရှိတော့ဘူး။ဒီရုပ်ရှင်ရဲ့နာမည်က Blooming Flowers and Full Moon မဟုတ်ဘူးလား။ ဒါဆို ခုချိန်ထိ မင်းသမီးနဲ့ ပွေ့ဖက်နမ်းရှုပ်နေတဲ့သူက ဘယ်သူလဲ။ပြီးတော့ တစ်ကားလုံးသူ့ပဲ မြင်နေရတာလေ။ သူက အမျိုးသားဇာတ်ဆောင်မဟုတ်ရင် ဘယ်သူလဲ။
နောက်ဆုံးမိနစ်နှစ်ဆယ်တွင် ဒါရိုက်တာက ဘက်ဂျက်မလုံလောက်သည့်အလား အရာအားလုံးကို လျင်မြန်စွာ ဇာတ်ရှိန်မြှင့်လိုက်သည်။ မိနစ်ပိုင်းအတွင်းမှာပဲ ရည်းစားဟောင်းက အမျိုးသမီးဇာတ်ဆောင်ကိုထားခဲ့ပြီးနောက် ချက်ချင်းဆိုသလိုပဲ သူမက တခြားတစ်ယောက်နဲ့ ချစ်ကြိုက်ပြီး လက်ထပ်ဖို့ ပြင်ဆင်ခဲ့ပါတယ်။
ပရိသတ် တော်တော်များများ အံ့အားသင့်သွားပြီး တော်တော်များများက ကျိန်ဆဲဖို့တောင် မေ့သွားကြသလိုပဲ။
ဇာတ်လမ်းက မြန်လွန်းလို့ ကျန့်ရှူးယိ ဘယ်လိုမှ
မတတ်နိုင်ဘဲ
"ဟမ်? မင်းသားက  နောက်ဆုံးမိနစ် နှစ်ဆယ်မှ
ပေါ်လာတာ"ရှီယန့်က ခေါင်းကို လှည့်ကာ
သူမကို စူးစူးဝါးဝါး စိုက်ကြည့်ပြီး ဘာမှ မပြောဘူး။နောက်ဆုံးမှာတော့ မင်းသမီးက နှစ်ပေါင်းများစွား
ချစ်ခဲ့ရတဲ့ ရည်းစားဟောင်းကို  ဖိတ်စာ ပေးလိုက်တယ်။ ထိုလူက အလွန်ရူးသွပ်သွားသလို ဖြစ်ပြီး သူရေးထားတဲ့  codeတွေကို ဖျက်ပစ်လိုက်တယ်( သူက programmer ထင်တယ်နော်)
ကျန့်ရှူးယိ ... သူမ၏ ပြောင်းဖူးပေါက်ပေါက်ဗူးကို ကိုင်ရင်း မြင်ကွင်းကြောင့် အံ့သြထိတ်လန့်သွားကာ မျက်လုံးမှိတ်ရန်ပင် မေ့သွားခဲ့သည်။
"ဘာလို့ မင်းသမီးက  ဒီလောက်ရက်စက်ရတာလဲ"
သူမကိုယ်သူမပြောလိုက်သည်။
ရုတ်တရက် ရှီယန့်၏ အသံက  သူမ၏ နားထဲသို့ရောက်လာသည်။
"ဟုတ်တယ်၊ သူ့အလုပ်က အရေးအကြီးဆုံးအချိန်
ရောက်မှ အဲဒီဖိတ်စာကို ပေးတာ
တော်တော်ရက်စက်တာပဲ။"
ကျန့်ရှူးယိ ခေါင်းညိတ်လိုက်သည်။

Only for Love (Translation)Where stories live. Discover now