Chapter 14.1: My Heart (//▽//)

3.8K 300 6
                                    

(Zawgyi)

ကျန်းရှုယီ အနေနဲ့ ရှစ်ယန်ကို အားမနာတမ်း  မညှာတာစွာ ငြင်းပယ်လိုက်သင့်တယ်လို့ ခံစားမိသည်။

အိမ်ပြန်ပို့ပေးမယ် ဟုတ်လား ။ ကျမမှာ ခြေထောက်မရှိဘူးလို့ များထင်နေလား။ ရှင် ဟိုတစ်ယောက်နဲ့ အရမ်းပျော်နေတာ မဟုတ်လား ဟမ်?

ဒါပေမယ့် သူမ လှည့်ကြည့်လိုက်တော့ ရှစ်ယန် မျက်နှာနဲ့ သူ့နောက်က ကားကို တွေ့လိုက်ရတော့ ချက်ချင်း စိတ်ပြောင်းသွားတယ်။

အဆုံးတွင် ကျန်းရှုယီ တစ်ယောက်  "အရှက်ကွဲခြင်း"ရယ် "သူမရဲ့ဆန္ဒနဲ့ပြောင်းပြန်" ခံစားချက်ဖြင့် ရှစ်ယန်ကားထဲကို ဝင်ထိုင်လိုက်သည်။

အသေးအမွှားကိစ္စများတွင် ခံနိုင်ရည်ရှိခြင်းက  ကြီးကျယ်သောအကြံအစည်များကို အောင်မြင်စေပါတယ် ဆိုစကားရှိပေမယ့်

သူမ အရမ်းဒေါသ ထွက်နေတုန်းပါပဲ။ သူမသည် အဝေးဘက်တွင်ထိုင်ကာ ပြတင်းပေါက်ကိုကြည့်ရင်း ရှစ်ယန်ကို ကျောခိုင်းထားသည်။

ရှင့်ကို စာပို့တယ်၊ စာမပြန်ဘူး။ ရှင့်ကို နောက်နောက်ပြောင်ပြောင်ပြောရင် စိတ်ဆိုးတယ်။ အဲ့တာဆိုလည်း အခု ရှင့်ကိုတွေ့တိုင်း စိတ်လှုပ်ရှားနေတဲ့ မိန်းကလေးနဲ့ပဲ တွဲသွားလိုက်ပါ။

ကျမက အဲ့ဒီ့လောက် မလှဘူးလား?

ကျမ ကြိုးစားမှုတွေက မလုံလောက်ဘူးလား ? ဒါမှမဟုတ် CEO တွေအားလုံးကသူတို့ကိုကြောက်တဲ့ မိန်းမတွေကို သဘောကျတာလား?

ငြီးငွေ့စရာ။

ကျန်းရှုယီ ဒေါသအရမ်းထွက်ပြီး အသက်ရှုကြပ်လာသည်။

နေပါဦးလေ။ ငါက ဘာလို့ စိတ်ဆိုးရမှာလဲ?

ကျန်းရှုယီ သက်ပြင်းချလိုက်ပြီး သူမ မျက်နှာပေါ်မှ ဒေါသထွက်နေသော အမူအရာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သူမ မျက်ခုံးများ ကျဆင်းသွားသည်။

ငါက  ရှစ်ယန်ကို လိုချင်သူလေ။

သက်ပြင်းချ ....

ငါအဲဒီအချက်ကိုတော့ မေ့လို့မဖြစ်ဘူး။

ကျန်းရှုယီ မျက်နှာက ကားပြတင်းပေါက်တွင် ထင်ဟပ်နေသည်။ ရုပ်ရှင်တစ်ကားပြနေသလိုမျိုး သူမ အမူအရာတွေက ဖန်ခွက်ပေါ်မှာ အမြဲပြောင်းလဲနေပါတယ်။

Only for Love (Translation)Where stories live. Discover now