၂၆ မှ ၃၀

708 72 1
                                    


အပိုင်း(၂၆) မရပ်တန့်နိုင်သော

     ‌ရှောင်ချင်းရွှဲ့သည်  ထိုသို့ပြောဆိုပြီးနောက် တည်တည်ငြိမ်ငြိမ်ပင် ပြန်ဖြစ်သွားသည်။

     ဖန်းလီနှင့် ဖန်းယုလောင်တို့ နှစ်ယောက်စလုံးသည် မျက်မှောင်ကြုတ်နေလျက် ချင်နန့်အား ချက်ချင်းပင် ထသတ်တော့မည့်အတိုင်း စိုက်၍ ကြည့်နေကြသည်။ ရှောင်ချင်းရွှဲ့ကို ကြောက်၍သာ မဟုတ်ပါက ချင်နန့်အား တုံ့ဆိုင်းနေခြင်းမရှိပဲ အားရပါးရ စုတ်ဖြဲ၍ သတ်ပစ်မည်သာဖြစ်သည်။ 
      ချင်နန် ထင်ထားခဲ့သည့်အတိုင်းပင်၊ ဖန်းလီ၊ ဖန်းယုလောင်နှင့် ဘိုင်ဟန်တို့အကြား လျှို့ဝှက်သဘောတူညီမှု ရှိခဲ့ကြသည်။ ကနဦးက အစီအစဉ်သည် ချင်ကလန်ကို ဖျက်ဆီး ပစ်ရန်သာဖြစ်သည်။
     သို့သော်‌ ချင်နန်သည် ဘိုင်ဟန့်ကို အကြောက်အလန့်မရှိ ဆန့်ကျင်ရဲလိမ့်မည်ဟု ဖန်းလီနှင့် ဖန်းယုလောင်တို့က မထင်ခဲ့မိပေ။ နောက်ပြီး ဖန်းကလန်၏ ဒုတိယပါရမီရှင်ကို သတ်ဖြတ်ပြီး ကလန်အတွက် ဆုံးရှုံးမှုကြီးကို ဖြစ်လာစေလိမ့်မည်ဟုလည်း သူတို့ မမျှော်လင့်ထားမိခဲ့ပေ။
   
    “အစီအစဉ် ပြောင်းမှရမယ် အဖေ၊ ပထမတစ်ခါတော့  အကြီးအကဲရှောင်က ဝင်နှောက်လိုက်တာ ကျွန်တော်တို့  ဘာမှ မတတ်နိုင်တော့ဘူး။ နောက်တစ်ခါကျ တွေ့မယ်၊ ကျုပ်အစွမ်းတွေကို ဒီကောင်တွေကို ပြရသေးတာပေါ့၊ ချင်နန်ဆိုတဲ့ကောင်လည်း နည်းနည်းလေးမှ သက်ညှာမနေပဲ အပြတ်ရှင်းပစ်မယ်" 
     ဖန်းယုလောင်သည် ဖန်းလီ၏ နားနားကပ်ကာ လေသံတိုးတိုးဖြင့် ပြောနေခြင်းဖြစ်သည်။
     ဖန်းလီ ခေါင်းညိတ်ပြလိုက်သည်။ သူ၏မျက်နှာသည်လည်း တင်းမာနေရာမှ ပြန်လည် လျော့ကျသွားခဲ့သည်။

   ချင်နန့်ကို ရှောင်ချင်းရွှဲ့က ကာကွယ်ပေးတယ် ဆိုလျှင်တောင် လာမည့်ဒုတိယအချီတွင် ချင်နန်၏ ဟွှာအဆင့်တစ်က‌တော့ သူ့အတွက် အသုံးမဝင်တာက မဝင်တာပါပဲ။ တစ်ဖက်ကိုကြည့်ပြန်လျှင်လည်း ဖန်းယုလောင်သည် ဟွှာအဆင့်ခြောက် သိုင်းဝိညာဉ် နိုးထထားပြီး၊ ချင်ချန်ခွန့် စွမ်းအားထက်ပင် သာ၍နေပေသည်။ ထိုအချင်းအရာကို ကြည့်ခြင်းအားဖြင့် ချင်နန့်ကို အကြီးအကဲရှောင် ဒီတစ်ခါ ကူညီနိုင်တော့မည် မဟုတ်ပေ။
    
      သိုင်းလောကသည် ခွန်အားကြီးသူတို့အုပ်စိုးရာ ဖြစ်ပြီး ရှောင်ချင်ရွှဲ့သည် ဒီတစ်ကြိမ်သာ ချင်ကလန်ကို ကူညီနိုင်မည်ဖြစ်ပြီး ဒုတိယကြိမ်မှာတော့ မဖြစ်နိုင်‌လောက်တော့ပေ။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now