၃၃၆ - ၃၄၀

455 50 0
                                    


အပိုင်း(၃၃၆)ခြောက်ရာခြောက်ဆယ့်ခြောက်ကျန်

      “ မင်းတို့ထဲက တချို့တလေက ဒါကိုသိလိမ့်မယ်လို့ ငါထင်ပါတယ် "
     ထိပ်ပိုင်းခေါင်းဆောင်သွမ့်မုသည် အသက်ပြင်းပြင်းတစ်ချက်ရှူကာ လေးနက်တည်‌ကြည်သောလေသံဖြင့် ပြောလိုက်၏။
     “ မူလကျင့်ကြံခြင်းလမ်းစဉ်လျှောက်သူတွေရဲ့ ကိုယ်တွင်းအူတိုင်ကို ရွှေအူတိုင်လို့ခေါ်ပြီး အမျိုးအစားခွဲခြားထားတယ်...ပထမတစ်မျိုးက ရွှေရောင်မျဉ်းကြောင်းသုံးခုနဲ့အူတိုင်၊ ဒုတိယတစ်မျိုးက ရွှေရောင်မျဉ်းကြောင်းခြောက်ခုနဲ့အူတိုင်နဲ့ တတိယတစ်မျိုးက ရွှေရောင်မျဉ်းကြောင်းကိုးခုနဲ့အူတိုင်ပဲ...ရှေးဟောင်းမှတ်တမ်းတွေအရ ရွှေရောင်မျဉ်းကြောင်းကိုးခုနဲ့အူတိုင် ဖန်တီးနိုင်ကြတဲ့သူတွေကို အကြီးမြတ်ဆုံးအင်ပါယာတွေလို့ဆိုကြတယ်...တစ်နည်းဆိုရရင် သိုင်းဘိုးအေအဆင့်အောက်မှာ ရွှေရောင်မျဉ်းကြောင်းကိုးခုနဲ့အူတိုင် ပိုင်ဆိုင်ထားတဲ့သူက အသန်မာဆုံး၊အစွမ်းထက်ဆုံးပဲ "

    သံတမန်များ အလွန်အံ့အားသင့်သွား၏။

    သူတို့၏ စိတ်ထဲတွင် အင်ပါယာအမြစ်ဖြတ်သူ(ဝါ)ထောင်ချင်းစန့်၏ ပုံရိပ်ဖြစ်ပေါ်လာသည်။

    အင်ပါယာအမြစ်ဖြတ်သူ(ဝါ)ထောင်ချင်းစန့်သည် အင်ပါယာမော်တယ်ကျမ်းစာကို ကျွမ်းကျင်ထားသောကြောင့် တူညီသောကျင့်ကြံမှုအဆင့်နယ်ပယ်တွင် အသန်မာဆုံးဖြစ်သည်။ သို့သော် ယခု ချင်နန်သည် အင်ပါယာမော်တယ်ကျမ်းစာကို မလေ့ကျင့်ထားသော်လည်း တူညီသောကျင့်ကြံမှုအဆင့်တွင် ပြိုင်ဘက်ကင်းသည်ဟု မှတ်ယူနိုင်ပေသည်။

    အကြီးမြတ်ဆုံးအင်ပါယာ....မည်မျှခမ်းနားလိုက်ပါနည်း။

    “ အထင်ကြီးစရာပဲ...အထင်ကြီးစရာပါပဲ "

    “ ချင်နန်က အောက်ပိုင်းခရိုင်ကို ဦးဆောင်လိမ့်မယ် "

    “ ငါရဲ့အမြင်အရ သူက အင်ပါယာအမြစ်ဖြတ်သူရဲ့ အောင်မြင်မှုတွေကိုတောင် ချိုးဖျက်သွားလိမ့်မယ် "

    “ .......... "

    သံတမန်များ အံ့ဩတကြီး ရေရွတ်လိုက်ကြသည်။
   
    ထိုအချိန်၌ ‌သံတမန်များနှင့် ထိပ်ပိုင်းခေါင်းဆောင်များ၏ မျက်လုံးများ အလွန်လင်းလက်ဝောာက်ပနေကြသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now