၆၈၁ - ၆၈၅

401 47 0
                                    


အပိုင်း (၆၈၁) အာဏာပိုင်များ တိုက်ပွဲတွင် ပါဝင်ခြင်း

    “ချေးပဲ…"
     ချင်နန် စစ်မြေပြင်ထဲ ဝင်လာသည့် အာဏာပိုင်များကို မြင်ရသည့်အခါ မော်တယ်သွင်ပြင်ပြောင်းလဲခြင်းပညာရပ်ဖြင့် သူ၏ သွင်ပြင်ကို ပိန်ပိန်ပါးပါးလူတစ်ယောက်အဖြစ် ပြောင်းလဲကာ လူအုပ်ထဲ ရောနှောတိုးဝင်လိုက်သည်။

     ထိုအချိန်၌ ကျင့်ကြံသူများမှာ သူတို့၏ အတွေးများကို စုစည်းလိုက်ကြသည်။

   “ငါတို့ အချုပ်အနှောင်ပြေသွားပြီ…"

   “သွမ့်ချင်းကို ရှာကြ…သူ့ကို မလွတ်စေနဲ့"

     “ဟုတ်တယ်…ငါတို့ သူ့ကို အလွတ်ပေးလို့မရဘူး"

  ကျူးဟန်နှင့် အထီးကျန်လင်းယုန်တို့ အပါအဝင် ကျင့်ကြံသူများ၏ မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ်များ ထွက်ပေါ်လာကြသည်။

     ဘန်း…ဘန်း…ဘန်း…

    ထိုအချိန်၌ ‌ကုန်သွယ်ရေးမဟာမိတ်ခေါင်းဆောင်နှင့် ဝမ့်ရှန်းနန်းဆောင်ခေါင်းဆောင်တို့၏ ဦးဆောင်မှုဖြင့် အာဏာပိုင်များ စစ်မြေပြင်သို့ ဆင်းသက်လာကြပြီး နေရာတစ်ခွင်တွင် သိုင်းသူ‌တော်စင်အဆင့်အော်ရာများ လွှမ်းခြုံသွားကြသည်။

    သိုင်းသူတော်စင်များ၏ ရှေ့၌ ကျင့်ကြံသူများသည် ပုရွက်ဆိတ်များကဲ့သို့ ဖြစ်သည်။
     “အာဏာပိုင်တွေ ရောက်လာပြီ"
   
    တစ်ကိုယ်တော်ကျင့်ကြံသူများ၏ မျက်နှာများ ဖြူဖျော့သွားကြသည်။ သူတို့၏ နှလုံးသားထဲမှ မျှော်လင့်ချက်မှာ ပျောက်ကွယ်သွားကြသည်။ အာဏာပိုင်များ ပါဝင်လာသောကြောင့် သူတို့သည် ဝင်ရောက်စွက်ဖက်ရန် အခွင့်အရေးမရှိတော့ပေ။
    
     “ငါ့ခွင့်မပြုဘူး"
   ကောင်းကင်လောင်ကျွမ်းခြင်းဘုရင်၊ နိုင်ငံကာကွယ်သူလိပ်နက်နှင့် သွေးတောင်ပံဗယမီလီယံငှက်တို့သည် ကျယ်လောင်စွာ အော်ဟစ်လိုရာ ကောင်းကင်နှင့် ကမ္ဘာမြေကြီး တုန်ခါသွားသည်။

      ဗာမီလီယံငှက်၏ ခန္ဓာကိုယ်မှ မီးလျှံများ၊ လိပ်နက်နှင့် ကောင်းကင်လောင်ကျွမ်းဘုရင်တို့သည် ကုန်သွယ်ရေးမဟာမိတ်ခေါင်းဆောင်နှင့် ဝမ့်ရှန်နန်းဆောင်တို့အား ဦးတည်၍ အလင်းများ ထုတ်လွှတ်လိုက်ကြသည်။
     သွေးတောင်ပံဗာမီလီယံငှက်နှင့် နိုင်ငံကာကွယ်သူလိပ်နက်တို့ နှစ်ဦးစလုံးသည် သိုင်းဘီဘင်တစ်ဝက်အဆင့်စွမ်းအားကို အသုံးပြုလိုက်ကြသည်။
    သူတို့၏ ကျင့်ကြံမှုမှာ ပြန်လည်မကောင်းမွန်လာသေးသော်လည်း သူတို့သုံးယောက်၏ ပေါင်းစည်းမှုသည် ခေါင်းဆောင်များကို ခုခံရန် လုံလောက်ပေသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now