၉၉၆ - ၁၀၀၀

919 64 5
                                    


အပိုင်း (၉၉၆) ဂျီးနီးယပ်များ စုရုံးခြင်း

     ဟွာလေ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီးနောက် သူ၏ လက်အား ဆန့်ထုတ်ကာ ဆေဘာဓားအလင်းကို ဖျက်ဆီးလိုက်သည်။
 
      “ဟား...ဟား....ပထမအကြီးအကဲဟွာလေ....မတွေ့တာကြာပြီ…"
     ကျယ်လောင်သော ရယ်သံတစ်သံနှင့်အတူ ကောင်းကင်ဆေဘာဂိုဏ်း၏ ပထမအကြီးအကဲ၊ တောက်ချန်ကျုံ၊ အဓိကတပည့်နှစ်ယောက်နှင့် အတွင်းစည်းတပည့်နှစ်ယောက် ချဉ်းကပ်လာသည်။

      ချင်နန်ကို မြင်သည့်အခါ ပထမအကြီးအကဲ၏ မျက်လုံးများ အရောင်လက်သွားပြီးနောက် အာရုံပြန်ပြောင်းလိုက်သည်။

      “ မတွေ့ရတာ ကြာပြီ"
   ဟွာလေ အေးစက်သော မျက်နှာထားဖြင့် သူ၏ အင်္ကျီလက်စကို ခါယမ်းလိုက်သည်။

    စုံတုံနှင့် အခြားသူများ တည်တံ့သော မျက်နှာထားများဖြင့် ရှိနေကြသည်။

     လက်ရှိ၌ ဘုရင်အဆင့်ပေါ်တွင် အဆင့်ကိုးဖြစ်သည့်တောက်ချန်ကျုံကို ခေါ်လာလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ပေ။

      ချင်နန်၏ ဘယ်ဘက်မျက်လုံးအရောင်လက်သွားသည်။

     သူကောင်းကင်ဆေဘာဂိုဏ်းမှ ပြန်လာသည်မှာ အချိန်သိပ်မကြာသော်လည်း တောက်ချန်ကျုံ၏ ကျင့်ကြံမှုသည် အဆင့်သစ်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်သည်။

      “မင်းတို့ နဂါးအင်ပါယာကလန်မှာ ဟွာတိချန်းပဲရှိတာလား…အောက်ချန်းထျန်နဲ့ တခြားသူတွေက ဘယ်မှာလဲ…တကယ်လို့ သူတို့ ဒီကိုမလာဘူးဆိုရင် ပျင်းစရာကောင်းလိမ့်မယ်"
     တောက်ချန်ကျုံ ဟွာတိချန်းကို မျက်နှာသေဖြင့် ပြောလိုက်သည်။ သူသည် ဟွာတိချန်းအား သူ၏ ထိုက်တန်သော ပြိုင်ဘက်အဖြစ် မဆက်ဆံကြောင်း သိသာထင်ရှားသည်။

      “စီနီယာအစ်ကိုတွေက လက်ရှိမှာ သီးသန့်ကျင့်ကြံနေတယ်…ဒါကြောင့်မလို့ သူတို့ မလာဘူး…ဒါပေမဲ့ ငါတို့မှာ မင်းစိတ်ဝင်စားမဲ့ တစ်‌ယောက်ရှိတယ်"
     ဟွာတိချန်း ချင်နန်အား ကြည့်လိုက်ပြီးနောက် အပြုံးဖြင့် ပြောလိုက်သည်။
      “မင်းချင်နန်ရဲ့ နာမည်ကို ကြားဖူးတယ်မလား…မကြာသေးခင်က သူ့အဆင့်က ခုနှစ်ရာကျော်တိုးလာတယ်"

You've reached the end of published parts.

⏰ Last updated: Mar 04, 2023 ⏰

Add this story to your Library to get notified about new parts!

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now