၈၀၆ - ၈၁၀

407 41 0
                                    


အပိုင်း (၈၀၆) အတွင်းစည်းတပည့်...အစေခံတစ်ယောက်
  
    ပုံမှန်အားဖြင့် နဂါးတစ်ကောင်၏ အဓိကအကြေးခွံကို ထိခြင်းသည် လုံးဝပျက်စီးခြင်းဖြစ်သည်။
    သို့သော် နောက်ထပ် အခြားအဓိပ္ပာယ်တစ်ခုရှိသေးသည်။
     အကယ်၍ နဂါးတစ်ကောင်သည် တစ်စုံတစ်ယောက်ကို အဓိကအကြေးခွံ ပေးထားပါက ထိုသူသည် လူသားဖြစ်စေ သားရဲဖြစ်စေ နဂါး၏ အဖိုးတန်ဆုံးအရာဟု သတ်မှတ်နိုင်ပေသည်။
     အကယ်၍ တစ်စုံတစ်ယောက်သည် အဓိကအကြေးခွံရှိသူအား အန္တရာယ်ပေးပါက နဂါးသည် သူ၏ နောက်ဆုံးထွက်သက်အထိ သူ့ကို တိုက်ခိုက်လိမ့်မည်ဖြစ်သည်။
    များသောအားဖြင့် ကျွမ်းကျင်သူများသည် သူတို့ အလွန်သဘောကျသော တပည့်များကိုသာ သူတို့၏ အဓိကအကြေးခွံပေးထားကြသည်။ ထို့ကြောင့် အဓိကအကြေးခွံရှိသူအား လူတိုင်းက လွယ်လွယ်နှင့် အပြစ်မပြုကြပေ။
    ယခုအချိန်၌ ချင်နန်သည် နဂါးတစ်ကောင်၏ အဓိကအကြေးခွံကို ကိုင်ထားသည်။
    ထို့ပြင် ၎င်းသည် ရှေးဟောင်းရွှေခရမ်းတိုက်ပွဲနဂါး၏ အဓိကအကြေးခွံဖြစ်သည်။
  
    ရှေးဟောင်းရွှေခရမ်းတိုက်ပွဲနဂါးတွေက ဘယ်သူတွေလဲ…

    နဂါးများကြားမှ ဘုရင်များ…

    သူတို့သည် မွေးဖွားလာကတည်းက သူတို့၏ သွေးကြောသည် တျန်အဆင့်သိုင်းဝိညာဉ်များနှင့် ညီမျှပေသည်။ နဂါးနီများနှင့် ကောင်းကင်ဝံပုလွေများအပါအဝင် မည်သူမျှ သူတို့နှင့် မနှိုင်းယှဉ်နိုင်ပေ။ သို့သော်လည်း လူသားတစ်ယောက်ဖြစ်သည့် ချင်နန်သည် ရှေးဟောင်းရွှေခရမ်းတိုက်ပွဲနဂါး၏ အဖိုးတန်ဆုံးအရာအဖြစ် သတ်မှတ်ခံခဲ့ရသည်။

     “ဒါ…"
    အကြီးအကဲလင် အံ့ဩတုန်လှုပ်နေသည်။

    ရွှင်ယွင်နှင့် ပိုင်ရှင်းရန်တို့မှာလည်း အလွန်တုန်လှုပ်နေကြသည်။ ဤအရေးမပါသော လူသားသည် ဤကဲ့သို့ ကြောက်မက်ဖွယ်ရာအဆင့်အတန်းရှိလိမ့်မည်ဟု သူတို့ လုံးဝမထင်ထားခဲ့ကြပေ။

     ထိုအချိန်၌ ဒိုဂျိုတစ်ခုလုံးသည် တစ်စပြင်တစ်ခုပမာ တိတ်ဆိတ်လို့နေသည်။

   လှောင်ရယ်သံများ ၊ ပြက်ရယ်ပြုသံများနှင့် သတ်ဖြတ်ချင်စိတ်များ ပါဝင်သည့် အကြည့်များ လုံးဝပျောက်ကွယ်နေသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now