၄၉၆ - ၅၀၀

427 51 2
                                    


အပိုင်း (၄၉၆)အရိုးချိုးခြင်း

       “အမှန်ပဲ...ငါမင်းကို ထွက်သွားခိုင်းနေတာ...မင်းနားကန်းနေလား"
     ဗိုက်ပူသော လူသည် ချင်နန်အား အထင်သေးဟန်ဖြင့် စိုက်ကြည့်လိုက်သည်။
     ပုံမှန်အားဖြင့် သူသည် ဤကဲ့သို့ လုပ်မည်မဟုတ်သော်လည်း ယနေ့မှာမူ ခြားနားပေသည်။ လွန်ခဲ့သော တစ်ခဏက သူသည် ချင်နန်အား သင်ခန်းစာပေးပါက ဖန်းရှောင်သည် သူ့အား အကျိုးကျေးဇူးကြီးတစ်ခုကို ပေးမည်ဟု ကမ်းလှမ်းခဲ့သည်။ ထို့ကြောင့် သူသည် ကမ်းလှမ်းမှုကို ချက်ချင်းလက်ခံခဲ့သည်။
     အောက်ပိုင်းခရိုင်မှ ကျင့်ကြံသူတစ်ယောက်ကို သင်ခန်းစာပေးခြင်းမှာ သူ့အတွက် လွယ်ကူပေသည်။

     “ကြည့်စမ်း...တစ်ခုခုတော့ ဖြစ်နေပြီဟ"

     “ငါ အစောကတည်းက မြင်တယ်...အောက်ပိုင်းခရိုင်က ကျင့်ကြံသူတစ်ယောက်က စည်းမျဉ်းတွေကို မသိလို့ ပြောနေတာပဲ"

     “ဟီး...ဟီး...အောက်ပိုင်းခရိုင်က နောက်ထပ် ငတုံးတစ်ကောင်လား"

     ကုန်သွယ်ရေးမဟာမိတ်ခန်းမ၏ ပထမထပ်တွင် ရှိနေသော လူအုပ်ကြီးသည် ဆွေးနွေးလိုက်ကြသည်။
     ချင်နန်အား ကြည့်နေသည့် သူတို့၏ အကြည့်များသည် အထင်သေးမှုများဖြင့် ပြည့်နှက်နေသည်။ ထိုအချိန်၌ လူအုပ်ကြီးကြားထဲတွင် ရှိသော အောက်ပိုင်းခရိုင်မှ ကျင့်ကြံသူအချို့သည် သူတို့၏ နှလုံးသားထဲ၌ သက်ပြင်းများ ချလိုက်ကြသည်။

      အထက်ပိုင်းခရိုင်နှင့် အောက်ပိုင်းခရိုင်၏ ခြားနားမှုကြောင့် ဤနေရာတွင် အောက်ပိုင်းခရိုင်မှ ကျင့်ကြံသူများသည် အထင်သေးခံရသည်။
    ဤအထက်ပိုင်းခရိုင်မှ လူများသည် သာလွန်ထူးကဲသော တစ်စုံတစ်ခုအား ပိုင်ဆိုင်ထားသကဲ့သို့ ဖြစ်သည်။ သူတို့သည် သူတို့ကိုယ်သူတို့ အောက်ပိုင်းခရိုင်မှ လူများထက် သာလွန်သည်ဟု ယုံကြည်ထားကြသည်။

      “ဒူးထောက်"
      ချင်နန်၏ မျက်လုံးများ စူးရှသွားပြီး စစ်နတ်ဘုရား၏ ဖိနှိပ်မှုကို ထုတ်လွှတ်လိုက်သည်။ ၎င်းကို သူ အသုံးမပြုခဲ့သည်မှာ ကြာပြီဖြစ်သည်။ သို့သော်လည်း ဤသက်လတ်ပိုင်းလူနှင့် အစောင့်သည် သူ့အား အလွန်မောက်မာစွာ ဆက်ဆံခဲ့ကြသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now