၆၅၁ - ၆၅၅

409 46 0
                                    


အပိုင်း (၆၅၁) သိုင်းအရှင်အဆင့်ခုနှစ်…သိုင်းသူတော်စင်ဂူသင်္ချိုင်း

      “ဘယ်လောက် အံ့ဩစရာကောင်းလိုက်လဲ…နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ သိုင်းအရှင်အဆင့်ခြောက်ကျင့်ကြံသူလေးက ငါ့ရဲ့ဆေဘာစွမ်းအင်ကို ခုခံနိုင်တယ်…ငါ့ရဲ့ စိတ်ဆန္ဒတစ်စပဲ ကျန်တော့တာ ဘယ်လောက်ဆိုးလိုက်လဲ…မဟုတ်ရင် ငါ့ရဲ့ ကျင့်ကြံမှုကို ဖိနှိပ်ပြီး ငါမင်းကို စိန်ခေါ်တယ်"
     ခပ်ဝါးဝါးပုံရိပ်သည် သက်ပြင်းတစ်ချက်ချကာ ဆက်ပြောလိုက်သည်။
     “ငါ့ရဲ့ နာမည်က ဆေဘာသုံးလက် သူတော်စင်ပါ…ငါက မကြာခင်မှာ ပျောက်ကွယ်တော့မယ်…တိုက်တိုက်ဆိုင်ဆိုင်ပဲ မင်းက ဆေဘာဓားသမားတစ်ယောက် ဖြစ်ပုံရတယ်…ငါတို့ကြားမှာ ကံကြမ္မာရေစက်ရှိတယ်လို့ ပြောလို့ရတယ်…ငါမင်းကို ငါ့မှာရှိတဲ့ အရာအားလုံး မသင်ပေးနိုင်ပေမဲ့ အစွမ်းထက်ဆုံးသိုင်းကွက်‌သင်ပေးနိုင်တယ်…သေချာမှတ်ထားပါ…ဒီပိုင်းချက်ကို အိုမင်းခြင်းလို့ခေါ်တယ်"

    ထို့နောက် ခပ်ဝါးဝါးပုံရိပ်သည် အဖြူရောင်အလင်းတစ်ခု အဖြစ် ပြောင်းလဲသွားပြီး ချင်နန်၏ နဖူးထဲဝင်သွားသည်။ သူ၏ ရှေ့မှ အဖြူရောင်မြင်ကွင်းသည်လည်း ပျောက်ကွယ်သွားပြီး ချိုင့်များနှင့် တွင်းများကို တွေ့လိုက်ရသည်။
    သူ မတုံ့ပြန်နိုင်သေးခင်မှာပင် သူ၏ ခန္ဓာကိုယ်တုန်ခါသွားပြီး သူ၏ စိတ်ထဲ၌ ခြားနားသော မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။

  ရှည်လျားသော ဆေဘာဓားကို ကိုင်ဆောင်ထားသည် အဖြူရောင်ဝတ်ရုံနှင့် လူသည် ကောင်းကင်ကို အဆက်မပြတ်ခုတ်ပိုင်းနေသည်။

     အရာအားလုံးသည် သူ၏ မျှော်လင့်ချက်ထက် ကျော်လွန်နေသော်လည်း ချင်နန်သည် နားလည်ရန် အာရုံစိုက်ခဲ့သည်။ အချိန်အတော်ကြာပြီးနောက် သူသည် သူ၏ အတွေးများကို စုစည်းကာ  တည်တံ့သော မျက်နှာထားဖြင့် ပြောလိုက်သည်။
     “ဘာကြောင့်လဲဆိုတာ ကျွန်တော် မသိပေမဲ့ စီနီယာ ကျွန်တော့်ကို သိုင်းကွက်သင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်…သိုင်းကွက်ရဲ့စွမ်းအားကို အပြည့်အဝထုတ်ဖော်နိုင်ဖို့အတွက် ကျွန်တော် ကျွမ်းကျင်အောင် လေ့ကျင့်ပါ့မယ်"

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now