၈၆၁ - ၈၆၅

460 42 0
                                    


အပိုင်း (၈၆၁) ကောင်းကင်ဆေဘာဂိုဏ်း၏ တပည့်များ

   အလယ်ပိုင်းတိုက်ကြီး၏ ဝူလျန်တောင်…

   ယခင်ဖြစ်ပျက်ပြီးကတည်းက ဝူလျန်တောင်၏ စွမ်းအားသည် သိသိသာသာကျဆင်းသွားခဲ့ပြီး ကြယ်သုံးပွင့်အဖွဲ့အစည်းများကြားထဲတွင်လည်း အဆင့်ကျသွားခဲ့သည်။
    အကယ်၍ အဆုံး၌ လင်းမြောင်ခို၏ ဆုံးဖြတ်ချက်ကြောင့်သာမဟုတ်ပါက ဝူလျန်တောင်သည် သေချာပေါက် ကြယ်သုံးပွင့်အဖွဲ့အစည်းထဲတွင် သေချာပေါက် အားအနည်းဆုံးဖြစ်သွားလိမ့်မည်ဖြစ်သည်။

    ထိုစဉ်အတောအတွင်း ဝူလျန်တောင်၏ ဒိုဂျိုပေါ်တွင်…

    လင်မြောင်ခို၏ ရှေ့၌ တတိယမင်းသားနှင့် အခြားသိုင်းသူတော်စင်အထွတ်အထိပ်ကျွမ်းကျင်သူတချို့ရပ်နေသည်။
     အခြားတစ်ဖက်တွင် အနက်ရောင်ဝတ်ရုံနှင့် ရွှေရောင်ဝတ်စုံဝတ်ဆင်ထားသည့် အဘိုးအိုနှစ်ယောက် ရပ်နေပြီး သူတို့၏ ကြမ်းကြုတ်သော နတ်ဆိုးအော်ရာများကို ထုတ်ဖော်ထားကြသည်။

     ဤအဘိုးအိုနှစ်ယောက်သည် ကြယ်သုံးပွင့်အဖွဲ့အစည်းနတ်ဆိုးမီးလျှံဂိုဏ်းမှ သိုင်းဘီဘင်အဆင့်နှစ်နှင့် သိုင်းဘီဘင်အဆင့်သုံးကျွမ်းကျင်သူနှစ်ယောက်ဖြစ်သည်။
     သူတို့နှစ်ယောက်သည် လင်မြောင်ခိုကို ကြောက်အောင် မစွမ်း‌ဆောင်နိုင်ပေ။ သူမ၏ အဓိကစိုးရိမ်ပူပန်မှုမှာ သူတို့၏ နောက်၌ ရပ်နေသော လူငယ်နှစ်ယောက်ဖြစ်သည်။
     လူငယ်နှစ်ယောက်သည် အဖြူရောင်‌တောက်တောက်နှင့် အပြာရောင်တောက်တောက် ဝတ်ရုံများကို ဝတ်ဆင်ထားပြီး သူတို့၏ ကျောပေါ်၌ ဆေဘာဓားများရှိနေသည်။ သူတို့သည် သူတို့၏ သိုင်းဘီဘင်အဆင့်သုံးကျင့်ကြံမှုကို အပြည့်အဝထုတ်ဖော်ထားပြီး လင်မြောင်ခိုတို့ လူစုကို ဝင့်ဝါစွာဖြင့် ကြည့်နေသည်။

     သူတို့သည် တစ်ချိန်က နတ်ဆိုးမီးလျှံဂိုဏ်း၏ တပည့်များဖြစ်ကြသည်။ သို့သော်လည်း ယခု၌ ကောင်းကင်ဆေဘာဂိုဏ်း၏ အတွင်းစည်းတပည့်များဖြစ်နေကြပြီဖြစ်သည်။ သူတို့၏ နာမည်မှာ ရန်စုန်နှင့် ရှောင်ဟောင်ဖြစ်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now