၉၁၆ - ၉၂၀

393 43 0
                                    


အပိုင်း (၉၁၆) တားဆီးခြင်း

     ထိုစဉ်အတောအတွင်း အလယ်စက်ဝိုင်းစိတ်မြို့တွင်…

     အစီအရင်တစ်ခုအသက်ဝင်လာပြီး ချင်နန်နှင့် သူတို့ လူစု ထွက်လာသည်။

    တုံ့ဆိုင်းခြင်းမရှိဘဲ ချင်နန်သည် နဂါးအင်ပါယာကလန်သို့ တည်နေရာကူးပြောင်းပေးသည့် မုခ်ဆီသို့ သွားလိုက်သည်။

      ပုံမှန်အတိုင်းပင် လမ်းများ၌ မုခ်များဆီသို့ သွားနေကြသော တစ်ကိုယ်တော်ကျင့်ကြံသူများနှင့် အခြားအဖွဲ့အစည်းများမှ တပည့်များ ပြည့်နှက်နေသည်။ ချင်နန်နှင့် သူတို့ လူစုသည် မည်သူ၏ အာရုံကိုမျှ မဆွဲဆောင်ခဲ့ပေ။

     “ငါတို့ရောက်တော့မယ်"
     သူတို့၏ ရှေ့မှ ခန်းမအား ကြည့်ကာ ချင်နန် စိတ်သက်သာရာသက်ပြင်းချလိုက်ပြီး အထဲသို့ ဝင်လိုက်သည်။

   “ဟမ်…ချင်နန်...မင်းဘာလို့ ဒီကိုရောက်နေတာလဲ"
   အံ့အားသင့်သည့် အသံကို ကြားလိုက်ရသည်။

    ချင်နန် အံ့သြသွားသည်။ သူခေါင်းမော့ကြည့်လိုက်ရာ မုခ်ပေါ် ခြေချတော့မည့် လူငယ်တစ်ယောက်ကို မြင်တွေ့လိုက်ရသည်။
သူ၏ နောက်၌ ကြောက်မက်ဖွယ်ရာကျင့်ကြံမှုများနှင့် လူငယ်များရှိသည်။

     ချင်နန်ကို မြင်သည့်အခါ သူတို့၏ မျက်လုံးများ အေးစက်သွားသည်။
    သူတို့ ချင်နန်ကို မဖော်ရွေကြောင်းပြောရန် မလိုပေ။

     “ငါမိတ်ဆက်ဖို့ မေ့နေတာ…ငါက ဟွာတိချန်း"
    ချင်နန် ပြန်မပြောသေးခင်မှာပင် ဟွာတိချန်း တည်ငြိမ်စွာဖြင့် ထပ်ပေါင်းထည့်ကာ ပြောလိုက်သည်။
     “ငါက ဟွာကျန်ရဲ့ အစ်ကို"

     ထိုစကားကြားသောအခါ ချင်နန်၏ နှလုံးသား လှုပ်ခုန်သွားသည်။
    ယခင်က ကုန်သွယ်ခြင်းခန်းမတွင် ဟွာကျန်သည် ဟွာတိချန်း၏ ကိုယ်စား သူ့ထံမှ ဧကရာဇ်သလင်းပြားများ တောင်းခဲ့သည်။ သို့သော်လည်း အဆုံး၌ ချင်နန်သည် တာအိုမူလပုံဆောင်ခဲအား လူသားတောင်ထိပ်ကို ရွှေ့သွားခဲ့ပြီး ဟွာကျန်အပြစ်ပေးခံခဲ့ရသည်။

      ဟွာတိချန်းစကား၏ အဓိပ္ပာယ်သည် သူနှင့် ဟွာကျန်၏ ဆက်ဆံရေးအား ချင်နန်ကို သတိပေးရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now