၈၈၆ - ၈၉၀

430 49 0
                                    


အပိုင်း (၈၈၆) ဆယ်ရက်သီးသန့်ကျင့်ကြံခြင်း

    ယခုအချိန်၌ အကြီးအကဲများ ချင်နန်ကို ကြည့်နေသည့် အကြည့်များ ခြားနားသွားသည်။

    ဤကဲ့သို့စွမ်းရည်များကြောင့် သူတို့၏ ဂိုဏ်းချုပ်ပြောသည့်စကားမှာ အမှန်တရားဖြစ်နိုင်သည်။
     သိုင်းပညာလုံးအား ရရှိခဲ့ခြင်းမှာ ချင်နန်၏ ကျေးဇူးကြောင့်ဖြစ်သည်။
     သို့သော်ငြားလည်း ချင်နန်သည် ကောင်းကင်ဆေဘာဂိုဏ်း၏ ဂျီးနီးယပ်‌နှစ်ယောက်အား သတ်ပစ်လိုက်သည်ကို အကြီးအကဲများ သိသွားပါက သူတို့၏ တုံ့ပြန်မှု မည်ကဲ့သို့ဖြစ်မည်ကို မှန်းဆ၍မရနိုင်ပေ။

     ထိုအချိန်၌ ရုတ်တရက်တတိယမင်းသား သူ၏ ဖြူဖျော့သော မျက်နှာ ပြန်လည်ကောင်းမွန်လာသည်။ သူ၏ အော်ရာသည် ချိုးဖျက်မှုတစ်ခု ကြုံတွေ့လိုက်ရသကဲ့သို့ လျင်မြန်စွာ မြင့်တက်လာသည်။

   “ချင်နန်…မင်းရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်…ဒီမှာ ကောင်းကင်ကို ဆန့်ကျင်တဲ့ ချီနှစ်မျှင်"
   တတိယမင်းသားပြုံးလိုက်ပြီး ချင်နန်၏ ခန္ဓာကိုယ်သို့ ကောင်းကင်ကို ဆန့်ကျင်သည့် ချီနှစ်မျှင်ပစ်လွှတ်လိုက်သည်။
  
     “တတိယမင်းသား…သိုင်းပညာလုံးရဲ့ ပိုင်ရှင်က ထောင်ချောက်တစ်ခုတည်းချန်ထားတာမဟုတ်ဘူး… မင်းခန္ဓာကိုယ်ထဲမှာ တခြားဟာတွေ ရှိသေးတယ်…နောက်ပိုင်းကျရင် မင်းအဲဒါကို ကိုယ့်ဘာသာကိုယ် ဖြေရှင်းရလိမ့်မယ်"
    ချင်နန်၏ ဘယ်ဘက်မျက်လုံး အရောင်လက်သွားကာ ပြောလိုက်သည်။
     သူသည် တတိယမင်းသား၏ ခန္ဓာကိုယ်ထဲမှ ကပ်ပါးကောင်တစ်ကောင်ကဲ့သို့ ခိုးအောင်းနေသော နတ်ဆိုးမျိုးစေ့တစ်ခုကို ရှာတွေ့ခဲ့သည်။ ၎င်းသည် တတိယမင်းသားနှင့်အတူ ကြီးထွားလာမည်ဖြစ်ပြီး တစ်နေ့၌ သူ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်လိမ့်မည်ဖြစ်သည်။

   ထို့ပြင် နတ်ဆိုးမျိုးစေ့သည် ချင်နန်၏ စစ်နတ်ဘုရားဘယ်ဘက်မျက်လုံးကဲ့သို့ အစွမ်းထက်သော မျက်လုံးပညာရပ်မျိုးမရှိသ၍ မြင်ရန် မဖြစ်နိုင်ပေ။ အချိန်ကျလာသည့်အခါ၌ ၎င်းသည် သူ့အလိုအလျောက်ထွက်ပေါ်လာလိမ့်မည်ဖြစ်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now