၅၇၆ - ၅၈၀

383 42 0
                                    


အပိုင်း (၅၇၆) ကောင်းကင်စားသုံးခြင်းအင်းဆက်

     ထိုစဉ်အတောအတွင်း ကျားဖြူမြို့၊ တော်ဝင်နန်းတော်ထဲမှ ညီလာခံခန်းမထဲတွင်...

     မျက်နှာပြင်ပေါ်တွင် ရောင်စုံပန်းများ ပွင့်လန်းလာပြီး သားရဲများဒူးထောက်ကာ နဂါးတွင်းနက်သစ်ပင်သည် လျင်မြန်စွာ ကြီးထွားလာသည်။ အံ့အားသင့်စရာမြင်ကွင်းကြောင့် ခန်းမထဲမှ ဝန်ကြီးများအားလုံး ဆွံ့အသွားကြသည်။

     နဂါးတွင်းနက်သစ်ပင်က အသီးသီးတော့မယ်...

     ၎င်းသည် နဂါးတွင်းနက်ဆန်းကြယ်နယ်မြေစမ်းသပ်မှု၏ အရေးကြီးဆုံးအချိန်ကာလဖြစ်သည်။ နဂါးတွင်းနက်သစ်သီးအများဆုံးရသောသူသည် အိမ်ရှေ့စံမင်းသားအဖြစ် ရွေးချယ်ခံရလိမ့်မည်ဖြစ်သည်။

      “ဒီနေ့ ဘယ်သူနိုင်မှာလဲ"

     “အပေါ်ယံအရ ဆိုရင်တော့ တတိယမင်းသားက နိုင်ဖို့ အခွင့်အရေးများတယ်လို့ ထင်ရတယ်"

     “ငါကတော့ ဒုတိယမင်းသား အနိုင်ရမယ်လို့ ထင်တယ်"

     ဝန်ကြီးများသည် သူတို့၏ ထင်မြင်ချက်များကို အသီးသီးထုတ်ဖော်လိုက်ကြသည်။

     အပေါ်ယံ၌ တတိယမင်းသားဘက်မှ လူစုသည် ဒုတိယမင်းသားတို့ထက် ပို၍သန်မာပေသည်။ သို့သော်လည်း တိဖန်းယွင်သည် ဧကရာဇ်စည်တော်ကိုတီး၍ ဝန်ကြီးများကို ဤနေရာသို့ စုရုံးစေခဲ့သောကြောင့် သူသည် ဒုတိယမင်းသား အနိုင်ရမည်ဟု ယုံကြည်မှုရှိနေကြောင်း သိသာထင်ရှားနေသည်။

      “ဒုတိယမင်းသားရဲ့ အောင်ပွဲနဲ့ တတိယမင်းသားရဲ့ ရှုံးနိမ့်မှုကို လူတိုင်းမြင်ရအောင် လုပ်ဖို့ သူ စီစဉ်ထားတာလား"
    အကြီးအကဲဝမ်၏ စိတ်ထဲ၌ အတွေးတစ်ခု ဖြစ်ပေါ်လာသည်။
     သူသည် အမှတ်တမဲ့ လက်သီးကျစ်ကျစ် ဆုပ်လိုက်သည်။

      ..........

      .........

     နဂါးတွင်းနက်ဆန်းကြယ်နယ်မြေထဲမှ နှလုံးကြေကွဲချောက်ကမ်းပါးထိပ်တွင်...

     ချင်နန်နှင့် သူတို့အဖွဲ့သည် သူတို့ ရှေ့မှ မြင်ကွင်းကြောင့် အံ့ဩနေကြသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now