၁၀၆ မှ ၁၁၀

570 48 1
                                    


အပိုင်း(၁၀၆) ချင်နန် သေလောက်အောင် ဒေါသထွက်ခြင်း

     ထို ဂျင်းဆင်း၏ ပုပ်နေသော နေရာသည် သွေးကိုချက်ချင်းပင် စုပ်ယူသွားပြီးနောက် မျက်တောင်တစ်ခတ်အတွင်း စူးရှသည့်အလင်းတစ်ခု ထွက်ပေါ်၍လာလေသည်။

      ဂျင်ဆင်းမှ ထူးခြားဆန်းကြယ်သော စုပ်ယူနိုင်စွမ်းအား ထွက်ပေါ်လာပြီး အလွန်ကြီးမားသော လက်တစ်စုံက ခုနှစ်ရောင်ပန်း၊ အမ်ဘာဂရီ၊ ရွှေကိုးပတ်ဆေးလုံး နှင့် အင်ပါယာဆေးလုံးရှစ်ထောင်ကျော်တို့ကို သိမ်းကြုံးယူငင်တော့မလို ခံစားမိစေသည်။
    
     “ဒါက..."
     ချင်နန်သည် သူ၏ အံ့အားသင့်သွားမှုကို ပြန်ဖုံးဖိလိုက်သည်။ သို့သော်လည်း ထိုမြင်ကွင်းတွင် သူ၏စိတ် နစ်မြုပ်သွားပြန်သည်။
     ထို့နောက်တွင်  ခုနှစ်ရောင်ပန်း၊ အမ်ဘာဂရီ၊ ရွှေကိုးပတ်ဆေးလုံး နှင့် အင်ပါယာဆေးလုံးရှစ်ထောင်တို့သည် ကျယ်လောင်စွာ ပေါက်ကွဲသံပြု၍ အစိတ်စိတ် အပိုင်းပိုင်းကွဲကြေသွားပြီး  ဂျင်ဆင်းအတွင်းသို့ ချီစွမ်းအင် စီးကြောင်းများအဖြစ် စီးဝင်၍နေ‌သည်။
     အသက်သုံးရှိုက်မျှ ကာလအတွင်း ကြွယ်ဝသော ချီစွမ်းအင်များကို ဂျင်ဆင်းက လုံးဝ စုပ်ယူသွားခဲ့ပြီ ဖြစ်သည်။
   
     ခပ်.... ခပ်....
     ထိုအချိန်တွင် ဆန်းကြယ်သောဂျင်ဆင်းအတွင်း၌  ထူးခြားသောဖြစ်စဉ်တစ်ခု ‌ဖြစ်ပေါ်လာပြီး ပုပ်နေသည့် အပြင်ပိုင်းလွှာမှာ ကွာကျသွားပြီး  နူးညံ့သောကျောက်စိမ်းချောတစ်ခုပုံစံ ဖြစ်သွားသည်။
     ချင်နန်၏ မျက်နှာ ခံစားချက်မဲ့ဖြစ်‌နေသည်။ အဖြစ်အပျက်သည် အလွန်မြန်ဆန်လွန်းပြီး သူဘာကိုမှပင် ကောင်းကောင်း သတိမထားမိလိုက်ချေ။
     နောက်ဆုံးတွင် ချင်နန်သည် သတိပြန်ဝင်လာပြီးနောက် သူ၏ မျက်နှာ ချက်ချင်းပင် ရှုံ့မဲ့သွားပြီး ဝမ်းနည်းစွာငိုကြွေးညည်းတွားလိုက်သည်။

      “ အား... "

     သူ၏ ငိုကြွေးညည်းတွားသံသည် အမှတ်ငါးနေရာမှ ပျံ့လွင့်ထွက်ပေါ်သွားသည်။

     သတ်မှတ်နေရာ အသီးသီးတွင့် ကျင့်ကြံနေကြသည့် အပြင်းစည်းတပည့်များသည် ချင်နန်၏ ငိုကြွေးညည်းတွားသံကို ကြားရသည့်အခါ ထိတ်လန့်သွားကြကာ သူတို့၏ မျက်နှာအမူအရာများသည်လည်း ကြောင်တောင်တောင် အန်းတန်းတန်း ဖြစ်သွားကြသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now