၂၅၁ - ၂၅၆

441 49 0
                                    


အပိုင်း (၂၅၁)အတိဒုက္ခစတင်ခြင်း

     “ထူးချွန်တယ်...တကယ်ကို ထူးချွန်လွန်းတယ်...သူ့ရဲ့ အစွမ်းသာမက သူ့ရဲ့ အခွင့်အရေး ဖန်တီးနိုင်စွမ်းကလည်း ကြောက်စရာကောင်းတယ်"

     “........"

     ဂိုဏ်းချုပ်ခန်းမထဲမှ ခန်းမခေါင်းဆောင်များနှင့် အာဏာမြင့် အကြီးအကဲများမှာ တစ်ယောက်နှင့် တစ်ယောက် ဆွေးနွေးနေကြသည်။ ချင်နန်၏ လုပ်ရပ်သည် သူ၏ ပြိုင်ဘက်များကို လှည့်စားနိုင်ရုံသာမက သူတို့ကိုလည်း ကောင်းကောင်းကြီး လှည့်စားသွားခဲ့သည်။
     အမှုမဲ့အမှတ်ပင် အိုးရန်ပါးနှင့် ချင်းလုံမြင့်မြတ်နေရာမှ သံတမန်တို့၏ မျက်လုံးများပင် ဝိုင်သောက်နေရင်း ဒိုဂျိုဆီသို့ ရောက်ရှိလာသည်။ သူတို့၏ အကြည့်များမှာ ပုရွက်ဆိတ်များ၏ တိုက်ပွဲကို ကြည့်နေရသည့် ဘုရင်များကဲ့သို့ပင်။

    ဒိုဂျိုထဲတွင်...

    ချောင်းဖန်နှင့် လီချင်းယုတို့ နှစ်ဦးလုံးမှာ အလွန်အံ့အားသင့်နေသော မျက်နှာထားဖြင့် ရှိနေကြသည်။ သို့သော်လည်း သူတို့ ချက်ချင်းပင် သတိပြန်၀င်လာကြပြီး သူတို့ ချင်နန်ကို ကြည့်နေသည့် အကြည့်များမှာ အလွန်တောက်ပလာသည်။ ဒီချင်နန်သည် အမှန်တကယ်ကို သန်မာသော ပြိုင်ဘက်တစ်ယောက်ဖြစ်သည်။

     “ချင်နန်...မင်းက အရမ်းကို သန်မာလွန်းပါတယ်...ငါရင်ဆိုင်ဖူးတဲ့ အဆင့်တူပြိုင်ဘက်တွေကြားထဲမှာ မင်းက အသန်မာဆုံးလို့တောင် ပြောလို့ရတယ်"
     ချောင်းဖန် ပြောလိုက်သည်။
     “ငါ ဒီနေ့ လီချင်းယုနဲ့ ပူးပေါင်းပြီး မင်းကို အနိုင်ယူမယ်"

     လီချင်းယု တည်ကြည်သော မျက်နှာထားဖြင့် သူမ၏ ခေါင်းကို ညိမ့်လိုက်သည်။
      ယခုအချိန်၌ သူတို့နှစ်ဦးသည် ချင်နန်ကို အတူတကွ ရင်ဆိုင်ရုံကလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပါ။ စောနက အခြေအနေကို ကြည့်၍ သူတို့ ချင်နန်ကို တစ်ယောက်ချင်း အနိုင်မယူနိုင်ကြောင်းမှာ သိသာ ထင်ရှားပေသည်။ ထို့ကြောင့် အဖြေမှာ သူတို့နှစ်ဦး ပူးပေါင်း၍ ချင်နန် သူတို့ သုံးဦးလုံးကို အနိုင်ယူနိုင်မလား သို့မဟုတ် သူတို့နှစ်ဦးကပဲ ချင်နန်ကို အနိုင်ယူနိုင်မလားဆိုတာကို ကြည့်ရတော့မည့် အချိန်ဖြစ်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now