၆၄၆ - ၆၅၀

417 46 0
                                    


အပိုင်း (၆၄၆) အာဏာပိုင်များ စုရုံးခြင်းနှင့် တစ်ကိုယ်တော်ကျင့်ကြံသူ အထီးကျန်လင်းယုန်

    နီလာသွေးသမုဒ္ဒရာ၏ ကမ်းခြေတွင်…

    ဘန်း…ဘန်း…ဘန်း…

    သိုင်းသူတော်စင်အဆင့် ဖိနှိပ်မှုများနှင့်အတူ ရက်စက်သည့် ပုံရသော အဘိုးအိုတစ်ယောက်နှင့် သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက် ထွက်ပေါ်လာသည်။ သူတို့သည် ဝမ်တာအိုအကြီးအကဲများထဲမှ တစ်ယောက်ဖြစ်သည့် အကြီးအကဲယင်နှင့် ဝမ်ရှန်နန်းဆောင်၏ အကြီးအကဲကြီးဖြစ်သည်။

     “မတွေ့တာ ကြာပြီ"
   လွန်ခဲ့သော တစ်ခဏက ထွက်ခွာသွားသည့် ကုန်သွယ်ရေးမဟာမိတ်၏ အကြီးအကဲကြီးသည် ချက်ချင်း ပြန်လှည့်လာသည်။

    “တကယ်ကို မတွေ့တာကြာပြီ"
    အကြီးအကဲရင်နှင့် သက်လတ်ပိုင်းအမျိုးသမီးသည် သူတို့၏ ခေါင်းများကို မော့ကာ တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြသည်။

     သိပ်မကြာခင်၌ ဟိန်းဟောက်သံတစ်သံကို ကြားလိုက်ရသည်။ နိုင်ငံကာကွယ်သူလိပ်နက်ပင် ဖြစ်သည်။

    “ကလေး ဒီတစ်ကြိမ်မှာ မင်းကိုယ့်ကိုယ်ကိုယ် အားကိုးရမယ်"
    နိုင်ငံကာကွယ်သူလိပ်နက် တစ်ကိုယ်တည်းရေရွတ်လိုက်သည်။
     အစက ကောင်းကင်လောင်ကျွမ်းခြင်းဘုရင်သည် ချင်နန်ကို ကူညီရန်အတွက် တိဖန်းယွင်၊ မူချန်ရယ်နှင့် အခြားသူများကို လွှတ်ရန် စီစဉ်ထားခဲ့သော်လည်း နိုင်ငံကာကွယ်သူလိပ်နက်သည် ထိုအစီအစဉ်ကို ငြင်းပယ်ခဲ့သည်။ သူ၏ အမြင်အရ ၎င်းသည် ချင်နန်၏ တိုးတက်မှုအတွက် ပိုကောင်းပေသည်။

    “အာဏာပိုင်လေးယောက်ရောက်လာကြပြီ"
  ကမ်းခြေမှ တစ်ကိုယ်တော်ကျင့်ကြံသူများ တုန်လှုပ်နေကြသည်။

   အချိန်ကုန်လွန်လာသည်နှင့်အမျှ သတင်းကိုကြားပြီးနောက် ကျွမ်းကျင်သူများသည် နီလာသွေးသမုဒ္ဒရာသို့ တည်နေရာကူးလူးနေကြပြီး သက်ဝင်လှုပ်ရှားနေသည့် တာအိုရှာဖွေခြင်းတောင်နှင့် ဝမ့်ရှန်နန်းဆောင်မှ

    အရှေ့ပိုင်းတိုက်ကြီး၏ ဂျီးနီးယပ်တိုင်းသည် အဖွဲ့အစည်းလေးခုထဲ မဝင်ကြပေ။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now