၁၈၆ - ၁၉၀

505 43 0
                                    


အပိုင်း (၁၈၆) လန်ရှုးမြို့သို့ ပြန်ခြင်း

     ချင်နန် လှည့်ကြည့်လိုက်သည့်အချိန်တွင် အံ့အားသင့်နေသည့်မျက်နှာထားဖြင့် သူ့ကို ကြည့်နေသည့် လူငယ်တစ်ယောက်ကို တွေ့လိုက်ရသည်။ လူငယ်သည် သန်မာထွားကြိုင်းပြီး သူ၏အော်ရာမှာလည်း ပြင်းထန်သောကြောင့် ရှိန်လောက်သည့်ပုံစံ ဖြစ်သည်။

     “ဟွှာအဆင့်တစ်ဆယ်သိုင်းဝိညာဉ်၊ ရှင်တန်အဆင့်ရှစ်၊ သိမ်မွေ့နက်နဲအဆင့်ရဲ့ သေးငယ်သော အောင်မြင်မှုအဆင့်..."
     ချင်နန်သည် ချက်ချင်းပင် သူ၏ နတ်ဘုရားသိုင်းဝိညာဉ်မျက်လုံးကို အသုံးပြုကာ လူငယ်ကို စစ်ဆေးလိုက်သည့်အချိန်၌ သူ၏နှလုံးသားထဲတွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားသည်။
     ဒီထွားကြိုင်းသော လူငယ်၏ ပါရမီနှင့် စွမ်းအားသည် လိန်ဖန်းထက် သာလွန်ပေသည်။
 
     ချင်နန်သည် သူ၏ အတွေးများကို ချုပ်တည်းလိုက်ပြီး လက်သီးစုကာ
     “ငါက ချင်နန်ပါ...မင်းဘယ်သူလဲဆိုတာ သိခွင့်ရှိမလား"

     “ဟီး..ဟီး...မင်းငါ့ကို ဖန်ခွန်းလို့ ခေါ်နိုင်ပါတယ်"
     ဖန်ခွန်းသည် ရင်းနှီးမှုရှိစွာ ပြုံးလိုက်ပြီး
     “ဒီ‌နေ့ ကျော်ကြားခြင်းခန်းမမှာ ကျော်ကြားတဲ့ချင်နန်နဲ့ တွေ့ရတာ ငါကံကောင်းတာပဲ...ညီအစ်ကိုချင်နန် မင်းရဲ့ သတင်းတွေကြောင့် ငါအရင်ကတည်းက မင်းကို လေးစားနေခဲ့တာပါ..."

     “အခု ငါနာမည်က ကျိန်ဆဲခံနေရပါပြီ"  
     ချင်နန်သည် တည်ငြိမ်သော အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

     “အာ..."
     ဖန်ခွန်းသည် ဆွံ့အသွားကာ ဘာဆက်ပြောရမှန်းမသိ ဖြစ်သွားသည်။
    
     ချင်နန် အရှုံးပေးလိုက်သောအခါ သူသည်လည်း ချင်နန်ကို ကျိန်ဆဲခဲ့ပြီး သေရမှာကြောက်သောကြောင့် ကတိဖျက်လိုက်သည့် ငကြောက်တစ်ကောင်ဟု ထင်မှတ်ထားခဲ့သည်။ ထို့ကြောင့် ချင်နန်သည် သူ၏ နာမည်ကို ကျိန်ဆဲနေပြီဟု ပြောသောအခါ သူ ဆွံ့အသွားခြင်းဖြစ်သည်။

     “ညီအစ်ကိုချင်နန်...မင်း တာ၀န်တစ်ခုကို လာရှာတာလား"
     ဖန်ခွန်းသည် ချက်ချင်းပင် စကားလမ်းကြောင်း လွှဲလိုက်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now