၉၀၁ - ၉၀၅

479 43 0
                                    


အပိုင်း (၉၀၁) ယင်နှင့် ယန်တာအိုအရည်

      လူအုပ်သည် သွမ့်လန်ကို ငတုံးတစ်ယောက်ပမာ ကြည့်နေသည်။
   
     “ရှင်မြို့ထဲကို ဝင်လာတုန်းက ရခဲ့တဲ့တံဆိပ်ကို ကျွန်မကိုပေး"
   ဝေလင်း ခေါင်းခါယမ်းလိုက်ပြီး ချင်နန်ကို ပြောလိုက်သည်။

     “ဒါပေါ့"
    ချင်နန် စင့်မာခေါင်ပေးသည့် ခရမ်းရောင်တံဆိပ်ကို မပေးဘဲ အစိမ်းရောင်တံဆိပ်ကို ပေးလိုက်သည်။

     “နဂါးအင်ပါယာကလန်…လူသားတောင်ထိပ်ရဲ့ ထိပ်ပိုင်းခေါင်းဆောင် ချင်နန်"
    ဝေလင်း အနည်းငယ် အံ့အားသင့်သွားသည်။

    ပတ်ဝန်းကျင်မှ ဂျီးနီးယပ်များလည်း အံ့အားသင့်သွားသည်။

    ချင်နန်ထံ၌ ဤကဲ့သို့ အဆင့်အတန်းရှိလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ။

    လန်ဖေး၏ မျက်လုံးများလည်း အရောင်လက်သွားသည်။
      
    “ကောင်းပြီ…ဒီမှာ ရှင့်အတွက် အထူးတံဆိပ်ပဲ…ရှင့်ရဲ့ ပထမဆုံးအကြိမ် သတင်းအချက်အလက်သုံးကြိမ်အတွက် ရှင်ဘာအခကြေးမှ ပေးစရာမလိုဘူး…ဒါ့အပြင် ရှင်တောင်းဆိုတဲ့ သတင်းအချက်အလက်ကိုလည်း နှစ်နာရီအတွင်းပေးလိမ့်မယ်"
     ဝေလင်း ချင်နန်ကို အနက်ရောင်တံဆိပ်တစ်ခုပေးလိုက်ပြီး တည်ငြိမ်သော အသံဖြင့် ပြောလိုက်သည်။
     “ဒါပေမဲ့ သိုင်းဘုရင်အဆင့်ရဲ့ လျှို့ဝှက်ချက်တွေကိုတော့ ရှင့်အတွက် ကန့်သတ်ထားတယ်"

    လူအုပ်ကြီး တံဆိပ်ကို မနာလိုစွာဖြင့် ကြည့်လိုက်သည်။ အကယ်၍ သူတို့ တံဆိပ်ကို ရပါက သတင်းအချက်အလက်တောင်းရန်အတွက် အလွန်အဆင်ပြေလိမ့်မည်ဖြစ်သည်။

     “ကျေးဇူးတင်ပါတယ်"
   ချင်နန်၏ မျက်လုံးများ အရောင်လက်သွားပြီး ခေါင်းညိတ်လိုက်သည်။ သူသည် တံဆိပ်ကို လက်ခံကာ သူ၏ အတွေးများကို ပို့လွှတ်လိုက်သည်။
     အလယ်ပိုင်းတိုက်ကြီး၏ အတိဒုက္ခအများဆုံးဖြစ်ပွားရာနေရာကို ရှာဖွေရန် သူ မစောင့်ဆိုင်းနိုင်တော့ပေ။ တစ်ခဏခန့်စကားပြောပြီးနောက် ချင်နန် စင့်မာခေါင်၏ တိုက်တွန်းချက်ဖြင့် ခန်းမထဲမှ ထွက်လာခဲ့သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now