၉၂၁ - ၉၂၅

441 42 2
                                    


အပိုင်း (၉၂၁) လျှို့ဝှက်ဆန်းကြယ်သောလူငယ်

    ဤတစ်ကြိမ်၌ ချင်နန်သည် ငါးရက်လုံးကျင့်ကြံခဲ့သည်။
    သူ၏ မျက်လုံး ဖွင့်လိုက်သည့်အချိန်၌ သူ၏ သိုင်းသစ်ပင်သည် နောက်ထပ်တစ်ကျန်ရှည်နေပြီဖြစ်သည်။ ပင်စည်သည် မီးခိုးရောင်မသန်းတော့ဘဲ အပြာရောင်နှင့် ခရမ်းရောင်ဖျော့ဖျော့ဖြစ်နေသည်။   စစ်နတ်ဘုရားသိုင်းသစ်ပင်ရှစ်ပင်ပင် ၎င်း၏ ဖိနှိပ်ခြင်းခံနေရသည်။

    “ဟူး…နောက်ဆုံးတော့…ဒါကို ငါ့ရဲ့ ကိုယ်ပိုင်သိုင်းသစ်ပင်လို့ ခေါ်သင့်တယ်"
    ချင်နန် စိတ်သက်သာရာ သက်ပြင်းချလိုက်ပြီး သူ၏ နှုတ်ခမ်းများ အပေါ်သို့ ကွေးတက်သွားသည်။

     အတိဒုက္ခကို ကျော်လွှားပြီးနောက် သူ၏ ကျင့်ကြံမှုလမ်းစဉ်သည် နောက်ဆုံး၌ ပေါ်ထွက်လာပြီဖြစ်သည်။
     လက်ရှိ၌ သူ၏ စွမ်းအားသည် ကွဲပြားသော အဆင့်နှစ်ဆင့်ရှိသည်။   ပထမအဆင့်မှာ သူ၏ လျှို့ဝှက်ချက်အား ဖုံးကွယ်ခြင်းဖြစ်သည်။ ထို့ကြောင့် သူသည် သူ၏ သုံးကျန်မြင့်သော ကိုယ်ပိုင်သိုင်းသစ်ပင်ကိုသာ အသုံးပြုနိုင်ပြီး သူ့အတွက် သိုင်းဘီဘင်အဆင့်လေး သို့မဟုတ် သာမန်သိုင်းဘီဘင်အဆင့်ငါးကျင့်ကြံသူနှင့် ရင်ဆိုင်နိုင်စွမ်းရှိသည်။
  
     ဒုတိယအဆင့်မှာ သူ၏ သိုင်းသစ်ပင်များအားလုံးကို ထုတ်လွှတ်ခြင်းဖြစ်သည်။ သို့သော်လည်း သူ မည်မျှသန်မာမည်ဖြစ်ကြောင်းကို သူ မသိပေ။

        “ချင်နန်…နောက်ဆုံးတော့ မင်းပြီးသွားပြီပဲ…မင်း ခွေးကောင်…ငါမင်းကို စောင့်နေရတာ ရက်တော်တော်ကြာသွားပြီ"
    သူ စင့်မာခေါင်၏ မကျေမနပ်အသံကို ကြားလိုက်သည်။

   ချင်နန် ခေါင်းမော့ကြည့်လိုက်သည်။

   အကြောင်းအရင်းတချို့ကြောင့် စင့်မာခေါင် တစ်စုံတစ်ခုခြားနားသွားသည်ဟု သူ ခံစားနေရသည်။
    သို့သော်လည်း မည်သည့်အရာဖြစ်ကြောင်း သေချာမပြောနိုင်ပေ။

     “ဟား…ဟား…ဟား…ထားလိုက်ပါတော့…မင်းနဂါးအင်ပါယာကလန်ကို ငါနဲ့လိုက်ခဲ့မလား"
      ချင်နန် ရယ်မောကာ စင့်မာခေါင်ကို ကြည့်လိုက်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now