၅၅၆ - ၅၆၀

436 42 0
                                    


အပိုင်း (၅၅၆) လူအုပ်ကြီးကြက်သေသေ‌ခြင်း

      ကြယ်မြစ်စီးဆင်းလာတိုင်း မြစ်ထဲတွင် အစစ်အမှန်ကြယ်ကျောက်တုံးသုံးရာပါဝင်ပေသည်။ လိုချင်သူတိုင်းသည် သူတို့၏ စွမ်းရည်များကို အားကိုးရန် လိုအပ်ပေသည်။
    တရားမျှတမှုအတွက်မူ လူတိုင်းသည် တစ်ကြိမ်လျှင် ကြယ်ကျောက်တုံးတစ်ရာကိုသာ ဆုပ်ယူနိုင်ပေသည်။ ကြယ်ကျောက်တုံးများရရှိရန်အတွက် တစ်ဦးနှင့်တစ်ဦးတိုက်ခိုက်ခြင်းကို ခွင့်မပြုထားပေ။ ထိုသို့ပြုလုပ်ကြသောသူများကို ကြယ်ပြာသာဒ်မှ နှင်ထုတ်လိမ့်မည်ဖြစ်သည်။

   “ဟမ်"
   ပြာသာဒ်ထဲမှ ကျင့်ကြံသူများ အံ့အားသင့်သွားကြသည်။

    လက်ဝဲကြယ်အခန်းထဲက ကျင့်ကြံသူက ကြယ်မြစ်ထွက်ပေါ်လာတာနဲ့ ဘာလို့ လှုပ်ရှားလိုက်တာလဲ...

    သူတို့ မတုံ့ပြန်နိုင်သေးခင်မှာပင် ချင်နန်၏ လက်သည် မြစ်၏ အလယ်မှ ကြယ်ကျောက်တုံးတစ်ရာကို ဆုပ်ကိုင်လိုက်သည်။

    ခရက်...

     ထိုအချိန်၌ ကျောက်တုံးခုနှစ်ဆယ်သည် အက်ကွဲသွားပြီး ကျန်ရှိသော သုံးဆယ်သည် တားမြစ်အော်ရာများ ဖယ်ရှားခံလိုက်ရသကဲ့သို့ တောက်ပသော အလင်းများ ‌ထွက်ပေါ်လာသည်။

     “ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
    ကြယ်ပြာသာဒ်မှ ကျွမ်းကျင်သူများ၏ အံ့အားသင့်သွားကြသည်။

    ကြယ်ကျောက်တုံးသုံးဆယ်လား...

   သူက ကြယ်ကျောက်တုံးသုံးဆယ်ကို တစ်ကြိမ်တည်းနဲ့ ဆွဲယူနိုင်ခဲ့တာလား...

    ငါ့အလှည့်ပဲ...

   ကျွမ်းကျင်သူများသည် သူတို့၏ အတွေးများကို စုစည်းလိုက်ပြီး ကြယ်မြစ်ထဲမှ ကြယ်ကျောက်တုံးများကို ချက်ချင်းဆုပ်ယူလိုက်ကြသည်။

    “အဲ့ဒီမှာ"
    ချင်နန်၏ အကြည့်များသည် မည်သူမျှ အာရုံမစိုက်သည့် နေရာသို့ရောက်ရှိသွားသည်။

      သူသည် သူ၏ လက်ကို ဆန့်ထုတ်လိုက်ပြီး နောက်ထပ်ကျောက်တုံးများကို လက်တစ်ဆုပ် ဆုပ်ယူလိုက်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now