အပိုင်း ၁၂၆ - ၁၃၀

536 48 2
                                    


အပိုင်း(၁၂၆) ခန်းမခေါင်းဆောင်များ ရောက်ရှိလာခြင်း

     စကားသံသည် ကြောက်မက်ဖွယ်ရာ အင်အားတစ်ခုပါ၀င်ပြီး လူအုပ်ထဲကို လေဆင်နှာမောင်းတိုက်ခတ်လိုက်သကဲ့သို့ ဖြစ်သွားသည်။
     တပည့်များသည် အော်သံကြောင့် အံ့ဩတုန်လှုပ်သွားပြီး သူတို့၏မျက်နှာ အမူအရာမှာ အကြီးအကျယ်ပြောင်းလဲသွားသည်။ ကျင့်ကြံမှုအဆင့် အားနည်းသူများသည် ခြေလှမ်းအနည်းငယ်ပင် နောက်ဆုတ်လိုက်ရသည်။
     သိုင်းဧကရာဇ်အဆင့်ကို ဆယ်လွှာ ခွဲခြားထားပြီး ဒုခေါင်းဆောင်ကျောင်၏ ကျင့်ကြံမှုသည် သိုင်းဧကရာဇ်အဆင့်နှစ်သာရှိပေသည်။ သို့သော်လည်း အော်သံပိုင်ရှင်သည် သိုင်းဧကရာဇ်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။
     အစက ချင်နန့်ကို တိုက်ခိုက်လိုက်သော ဒုခေါင်းဆောင်ကျောင်သည် တစ်၀က်တစ်ပျက်နှင့်ပင် ရပ်တန့်လိုက်သည်။ ထို့နောက်တွင် သူ၏နောက်မှ ကြောက်မက်ဖွယ်ရာ အင်အားတစ်ခု ချဉ်းကပ်လာသည်ကို ခံစားလိုက်ရပြီး အလွန်ထိတ်လန့်တုန်လှုပ်သွားကာ ရှောင်တိမ်းရန် ပြင်ဆင်လိုက်သည်။
     သို့သော်ငြားလည်း ကြောက်မက်ဖွယ်ရာအင်အားသည် ဒုခေါင်းဆောင်ကျောင်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားကာ သူ၏မျက်နှာ ဖြူဖျော့သွားသည်။
     ချန်ပေါင်နှင့် မိုလီတို့သည် အလွန်တုန်လှုပ်သွားကြသည်။

     ထို့နောက်တွင် တူကြီးနှစ်ချောင်းကို ကိုင်ဆောင်ထားပြီး ရက်စက်သော အော်ရာထုတ်လွှတ်နေသော ကတုံးပြောင်သည့် လူတစ်ယောက် ထွက်ပေါ်လာသည်။ သာမန်လူများသည် သူ၏ပုံစံကို မြင်တွေ့လိုက်ရပါက ကြောက်ရွံ့သွားလိမ့်မည် ဖြစ်သည်။

     ဒုခေါင်းဆောင်ကျောင်သည် ထိုသူ၏ပုံစံကို မကြည့်ရသေးခင်မှာပင် ဒေါသထွက်စွာ ပြောလိုက်သည်။
     “ဘယ်သူလဲ...ဒီအချိန်မှာ စည်းကမ်းဥပဒေခန်းမက စည်းမျဉ်းတွေအတိုင်း ဆောင်ရွက်နေတယ်၊ မင်း၀င်ရောက် စွက်ဖက်မယ်ဆိုရင်...ဟမ်...."

     ဒုခေါင်းဆောင်ကျောင်သည် ပြောနေရင်း နောက်လှည့်ကြည့်လိုက်သည့်အချိန်တွင်  ကတုံးပြောင်နှင့် လူကို မြင်သွားသောအခါအလွန်လန့်ဖျပ်သွားပြီး
     “ခန်းမ...ခန်းမခေါင်းဆောင်...ဘာလို့...ခင်ဗျားဒီမှာရှိနေတာလဲ"

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now