၃၄၆ - ၃၅၀

583 49 1
                                    


အပိုင်း (၃၄၆)လက်မည်းမြို့

      “ချင်းလုံအဆင့်"

     “တောင်ဆယ့်ခြောက်တောင်ရဲ့ ဒိုဂျိုတွေ"

     “မြို့ထဲမှာ ဖြစ်ပျက်နေတဲ့ လုယက်မှု၊ လိမ်လည်မှုနဲ့ တိုက်ခိုက်မှုတွေ"

      “........."

     ချင်းလုံမြေပုံပေါ်တွင် တောင်တစ်လုံးစီ၏ မရေမတွက်နိုင်သော အချက်အလက်များအား ဖော်ပြထားသည်။ အတွေးတစ်ချက်နှင့်အတူ ချင်နန်သည် သူလိုချင်သည့် သတင်းအချက်အလက်များကို ရယူလိုက်သည်။

     “ဒါကိုအရင်ဆုံးကြည့်ရအောင်"
     ချင်နန်သည် သူ၏ နတ်ဘုရားအာရုံ မြေပုံထဲသို့ သွတ်သွင်းလိုက်သည်။ တစ်ခဏကြာပြီးနောက်တွင် မြေပုံပေါ်တွင် မသိမဖြစ်သိရမည့် အချက်အလက်များအား သူအကြမ်းဖျင်းလေ့လာပြီးသွားပြီဖြစ်သည်။
    ချင်းလုံမြင့်မြတ်နေရာ၏ ချင်းလုံအဆင့်တွင် မြင့်မြတ်နေရာခေါင်းဆောင်၊ သံတမန်များ‌၊ စောင့်ရှောက်သူများနှင့် တပည့်များဟူ၍ ခွဲခြားထားသည်။ သူ၏ ကျင့်ကြံမှုသည် သိုင်းဧကရာဇ်အထွတ်အထိပ်အဆင့်သာဖြစ်သော်လည်း တပည့်များကြားထဲ၌ သူသည် အဆင့်တစ်ဖြစ်သည်။ ထို့ပြင် သူတော်စင်လောင်းများ၏ အဆင့်လည်းရှိပေသည်။ သို့သော်လည်း သူ၏ လက်ရှိကျင့်ကြံမှုအဆင့်နှင့် သူကြည့်နိုင်ခြင်းမရှိပေ။

     ချင်နန်သည် မြေပုံမှတစ်ဆင့် အရေးကြီးသော အရာတစ်ခုကို သိရှိနိုင်ခဲ့သည်။ ချင်းလုံမြင့်မြတ်နေရာတွင် အရေးကြီးဆုံးအရာမှာ အမှတ်များသာဖြစ်သည်။ လုံလောက်သော အမှတ်များနှင့်ဆိုပါက တစ်စုံတစ်ယောက်သည် ဆေးလုံးများ၊ သိုင်းပညာများ၊ မှော်လက်နက်များ အစရှိသည်တို့ကို ဝယ်ယူနိုင်ပေသည်။

     “ဒီအမှတ်တွေနဲ့ ငါအဓိကတုံးတွေကို ဝယ်နိုင်မလား"
     ချင်နန်သည် ချက်ချင်းပင် ကုန်ပစ္စည်းတစ်သောင်းကျော်ပါဝင်သည့် စာရင်းအား အလျင်အမြန်စစ်ဆေးလိုက်သည်။ စာရင်းအား ခေတ္တမျှဖတ်ပြီးနောက် သူသည် နောက်ဆုံးတွင် အဓိကတုံးများအတွက် လိုအပ်သော အမှတ်ပမာဏကို တွေ့ရှိသွားသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now