၄၈၁ - ၄၈၅

417 53 2
                                    


အပိုင်း (၄၈၁) ပျက်စီးသွားသော အခြေတည်စိတ်ဝိညာဉ်

      ကျင့်ကြံမှုအဆင့်များကို ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်၊ ရှင်တန်အဆင့်၊ သိုင်းဧကရာဇ်အဆင့်၊ သိုင်းဘိုးအေအဆင့်၊ သိုင်းသခင်အဆင့်၊ သိုင်းအရှင်အဆင့်၊ သိုင်းသူတော်စင်အဆင့်၊ သိုင်းဘီဘင်အဆင့်၊ သိုင်းဘုရင်အဆင့်နှင့် သိုင်းနတ်ဘုရားအဆင့်ဟူ၍ စုစုပေါင်းတစ်ဆယ်ဆင့်ခွဲခြားထားသည်။
      သေမင်းဧကရာဇ်၏ ကျင့်ကြံမှုသည် သိုင်းဘုရင်အဆင့်သို့ ရောက်ရှိနေပြီး အောက်ပိုင်းခရိုင်တစ်ခုလုံးတွင် အစွမ်းထက်ဆုံးဖြစ်သည်မှာ သံသယရှိစရာမလိုပေ။
     အထက်ပိုင်းခရိုင် အရှေ့ပိုင်းတိုက်ကြီး၏ အုပ်ချုပ်သူများပင် သူ့အား ဆန့်ကျင်ရဲလိမ့်မည်မဟုတ်ပေ။ သို့သော်လည်း ယခုတွင် သိုင်းဧကရာဇ်အထွတ်အထိပ်အဆင့်ကျင့်ကြံသူတစ်ယောက်သည် သူ့အား အန္တရာယ်ပေးနေခဲ့သည်။

     ဘန်း...ဘန်း...ဘန်း...

     မရေမတွက်နိုင်သော မိုးကြိုးများသည် မိုးသည်းထန်စွာ ရွာသွန်းနေသည့်ပမာ ဒေါသတကြီးဖြင့် ကျန်းပိလန်နှင့် ချင်နန်ပေါ်သို့ သက်ဆင်းနေသည်။
      သေမင်းဧကရာဇ်သည် ကျန်းပိလန်၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ထားသည့်တိုင် သူသည် ကျွမ်းကျင်သူတစ်ဦးဖြစ်နေဆဲဖြစ်သောကြောင့် အတိဒုက္ခသည် သူ့အား ရှာဖွေတွေ့ရှိနိုင်စွမ်းရှိပေသည်။
      ထို့ကြောင့် ကျန်းပိလန်သည် ချင်နန်အား အတိဒုက္ခကို ကူ‌ညီပေးနေသည်ဟု အတိဒုက္ခယူဆခဲ့သည်။ ထို့ကြောင့် မိုးကြိုးအများစုသည် ကျန်းပိလန်ဆီသို့ သက်ဆင်းနေသည်။
     ချင်နန်မှာမူ သူ ကြုံတွေ့ရသော ဖိအားမှာ အနည်းငယ်သာဖြစ်သဖြင့် သူ၏ မိုးကြိုးလျှပ်စီးဖြင့် ပြန်လည်ခုခံနိုင်ပေသည်။

      “သေမင်းရဲ့ မြည်ကြွေးသံ"
     ကျန်းပိလန်သည် သွေးစက်တစ်စက်ကို ထုတ်ဖော်ကာ အစွမ်းထက်သော ပညာရပ်တစ်ခုကို အသုံးပြုရန်ပြင်လိုက်သည်။

     မရေမတွက်နိုင်သော နတ်ဆိုးများ ငရဲမှ နိုးထလာသကဲ့သို့ ထိတ်လန့်ချောက်ချားဖွယ်ရာ အသံများ ထွက်ပေါ်လာသည်။ သူ၏ အပေါ်သို့ ကျရောက်နေသော မိုးကြိုးများ ချက်ချင်းပျောက်ကွယ်သွားသည်။ သို့သော်လည်း ၎င်းသည် အသက်တစ်ရှိုက်မျှသာဖြစ်ပြီး ပို၍ပြင်းထန်ကာ များပြားသော မိုးကြိုးများသည် သူ၏ ခန္ဓာကိုယ်အား ဝါးမျိုတော့မည်ပမာ သက်ဆင်းလာသည်။
     သူ၏ အပေါ်သို့ ကျဆင်းလာသော အဆုံးမဲ့ ကြောက်မက်ဖွယ်ရာမိုးကြိုးများအားကြည့်ကာ သေမင်းဧကရာဇ်၏ မျက်နှာ ဖြူဖျော့သွားသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now