၅၁၁ - ၅၁၅

447 46 1
                                    


အပိုင်း (၅၁၁) ချင်းလုံမြင့်မြတ်နေရာခေါင်းဆောင်

     အထက်ပိုင်းခရိုင် အရှေ့ပိုင်းတိုက်ကြီး၏ သစ်တောတစ်ခုထဲတွင်...

     ဘန်း...

     လေဟာနယ်အက်ကွဲသွားပြီး စုန့်ရွီ၏ ခန္ဓာကိုယ်လွင့်စင်လာသည်။

     “ချင်နန်...ချင်နန်...မင်း.."
    စုန့်ရွီ၏ ခန္ဓာကိုယ်တွင် သွေးများဖုံးလွှမ်းနေပြီး သူ၏ အော်ရာသည် အလွန်အားနည်းနေသည်။
    ချင်နန်သည် သိုင်းဝိညာဉ်အား အသုံးပြုကာ သူ့အား တိုက်ခိုက်ခဲ့သောကြောင့် သူသည် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ သူသေလုနီးပါး ဖြစ်နေသည်။

     “အဖေ...ဒါက ရွီအာရဲ့ နောက်ဆုံးသတင်းပါ"
   စုန့်ရွီသည် ရွှေရောင်တံဆိပ်တစ်ခုအား ထုတ်လွှတ်လိုက်ပြီးနောက် နဝမမြို့တွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်သတင်းကို ပို့လွှတ်လိုက်သည်။ ထို့နောက် သူသည် မြေပေါ်သို့ လဲပြိုသွားသည်။ သူသည် ကျန်ရှိသော အင်အားဖြင့် သူ၏ သိုလှောင်အိတ်ထဲမှ အသက်ကယ်ဆေးများကို စားသုံးလိုက်သည်။

     တစ်ခဏကြာပြီးနောက် ကျားဖြူမြို့သည် သတင်းကို ဝမ့်ရှန်နန်းဆောင်၊ ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံ၊ ကုန်သွယ်ရေးမဟာမိတ်နှင့် တာအိုရှာဖွေခြင်းတောင်သို့ ဖြန့်ဝေလိုက်သည်။
    အဖွဲ့အစည်းလေးခုမှ အာဏာပိုင်များ အလွန်အံ့အားသင့်သွားကြသည်။

    ချင်နန်က အရှေ့ပိုင်းတိုက်ကြီးမှာ ပေါ်လာပြီပေါ့...

   သူက လီတစ်သောင်းအတိဒုက္ခကို အစပျိုးခဲ့တယ်ပေါ့...

     ထိုစဉ်အတောအတွင်း တာအိုရှာဖွေခြင်းတောင်တွင်...

     “မြန်မြန်..နဝမမြို့ကို ချက်ချင်းသွားပြီး ချင်နန်ကို ရအောင်ဖမ်းခဲ့"
    ဂိုဏ်းခေါင်းဆောင်ဝမ်တာအိုသည် နက်မှောင်နေသော မျက်လုံးများဖြင့် အလွန်ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။

    ချင်နန် လီတစ်သောင်းအတိဒုက္ခအား အစပျိုးနိုင်ခြင်းအတွက် ဖြစ်နိုင်သော အကြောင်းအရင်းနှစ်ခုသာ ရှိပေသည်။ ပထမတစ်ခုမှာ ချင်နန်သည် ပြန်လည်ကောင်းမွန်လာခဲ့သည်။ ဒုတိယတစ်ခုမှာ ချင်နန်၏ စွမ်းအားသည် ထပ်မံတိုးတက်လာခဲ့သည်။
     မည်သို့ပင်ဖြစ်စေကာမူ ၎င်းသည် ချင်းလုံမြင့်မြတ်နေရာခေါင်းဆောင်ကြောင့်သာဖြစ်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now