၉၆၁ - ၉၆၅

417 45 0
                                    


အပိုင်း (၉၆၁) နှလုံးသားဆန္ဒအတိုင်း

      “မင်း…မင်းမှာ ဘာလို့ သိုင်းသစ်ပင်ငါးပင်ရှိတာလဲ"
   ကျိရယ်၏ အသံတုန်ရီနေပြီး သူ၏ အနီရောင်မျက်လုံးများထဲ၌ အလွန်အမင်းအံ့ဩတုန်လှုပ်မှုများဖြစ်ပေါ်နေသည်။

      “ငါက ကျင့်ကြံမှုစည်းမျဉ်းတွေထက် သာလွန်တယ်"
    ချင်နန် အေးဆေးတည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

     ဘန်း…

    ကျိရယ်၏ ပုံရိပ်သည် ရုတ်တရက် ရှေ့သို့ ဒိုင်ပင်ဆင်းသွားပြီး သူ၏ လက်ထဲမှ ထူးဆန်းသောအဆောင်မီးလောင်ကျွမ်းသွားကာ ကြောက်မက်ဖွယ်ရာ သိုင်းဘုရင်အင်အားတစ်ခုထွက်ပေါ်လာသည်။ ၎င်းမှာ သူ၏ ဝှက်ဖဲဖြစ်သည်။ သိုင်းသစ်ပင်ငါးပင်ကို မြင်သည့်အခါ သူ အလွန်အမင်းအံ့ဩတုန်လှုပ်သည့်တိုင် အသက်ရှင်သန်ရန်အတွက် သူ့မှာရှိသည့် အရာအားလုံးကို အသုံးပြုလိုက်သည်။

    ဘန်း…

    ချင်နန်၏ နောက်မှ ကျန်ရှိသော သိုင်းသစ်ပင်လေးပင် ထွက်ပေါ်လာသည်။

   သိုင်းသစ်ပင်ကိုးပင်သည် လေထဲ၌ လွင့်မျောနေပြီး မရေမတွက်နိုင်သော ဘုရင်သိုင်းပညာများထွက်ပေါ်လာသည်။

     “ဒါ…"
   ကျိရယ်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူ မတုံ့ပြန်နိုင်သေးခင်မှာပင် သူနှင့် သုံးလီအတွင်းမှ နေရာသည် ချက်ချင်းဖျက်ဆီးခံလိုက်ရသည်။
    ဘုရင်အဆင့်၏ အော်ရာပါဝင်သော အလင်းတစ်ခု ချင်နန်၏ ခန္ဓာကိုယ်ထဲ တိုးဝင်သွားသည်။

    ကျိရယ်အသတ်ခံခဲ့ရသည်။ ၎င်းမှာ ဂျီးနီးယပ်နှစ်ယောက်ကြားမှ ပြီးပြည့်စုံသော ဥပမာကောင်းတစ်ခုဖြစ်သည်။ အနည်းငယ်အာရုံစိုက်မှု လွဲချော်သွားသည်နှင့် ချက်ချင်းရှုံးနိမ့်သွားလိမ့်မည်ဖြစ်သည်။

     “သခင်…သခင်ရဲ့ စွမ်းအားက အရမ်းထူးချွန်လွန်းပါတယ်…ကျုပ်တို့ အရမ်းအထင်ကြီးမိပါတယ်"
    တိုက်ပွဲပြီးသည့်နောက် ခွေးနှစ်ကောင် ချင်နန်ဆီ ပြေးလာသည်။ သူတို့၏ မျက်လုံးများသည် အကောင်းတိုင်းရှိနေသည့် မြေပြင်ပေါ်မှ သိုလှောင်အိတ်ပေါ်သို့ ကျရောက်နေသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now