၆၇၁ - ၆၇၅

398 48 0
                                    


အပိုင်း (၆၇၁) ကုန်သွယ်ရေးမဟာမိတ်၏ ဒေါသ

    ထိုစဉ်အတောအတွင်း ရှေးစစ်မြေပြင်၏ အပြင်ဘက်တွင်…

    ကုန်သွယ်ရေးမဟာမိတ်ခေါင်းဆောင်သည် အလွန်နက်မှောင်သော မျက်နှာထားဖြင့် ရှိနေသည်။ ဤသွမ့်ချင်းသည် ကောင်းကင်တက်ရောက်ခြင်းလှေကားများပေါ်တွင် ပြဿနာကောင်ဖြစ်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

    အကယ်၍ ဤကဲ့သို့ ဆက်လုပ်နေပါက ကျူးဟန်သည် ကောင်းကင်ကံကြမ္မာအဆောင်ကို မည်ကဲ့သို့ ရရှိနိုင်ပါမည်နည်း…

    အခြားတစ်ဖက်တွင် ဂိုဏ်းခေါင်းဆောင်ဝမ်တာအိုနှင့် အခြားသူများသည် အေးဆေးတည်ငြိမ်စွာပင် ရှိနေသည်။ သွမ့်ချင်းသည် သူတို့၏ တပည့်များကို ဒုက္ခ‌မပေးဘဲ ကျူးဟန်ကိုသာ ဒုက္ခပေးနေသောကြောင့် ယောင်ဂွန်နှင့် ယုလျိုရှားသည် ရှေ့သို့တက်ရန် အချိန်တချို့‌ရပေလိမ့်မည်။ ၎င်းသည် သူတို့အတွက် အကျိုးပင် ရှိပေသည်။

    “ဒီချင်နန်…"
    ကောင်းကင်လောင်ကျွမ်းခြင်းဘုရင်နှင့် သွေးတောင်ပံဗာမီလီယံငှက်တို့ လုံးဝဆွံ့အနေကြသည်။
   သို့သော်လည်း ၎င်းမှတစ်ဆင့် သွမ့်ချင်းသည် ရန်သူများကို ရန်ငြှိုးထားလေ့ရှိပြီး အခွင့်အရေးရလျှင် ချက်ချင်းလက်စားချေတတ်ကြောင်းကို ကောင်းကင်လောင်ကျွမ်းခြင်းဘုရင် နားလည်ခဲ့သည်။

     ထိုစဉ်အတောအတွင်း ရှေးစစ်မြေပြင်၏ ကောင်းကင်တက်ရောက်ခြင်းလှေကားများတွင်…

    ဂွန်ယောင်၊ ကျောက်ဖန်းနှင့် အခြားသူများသည် တောက်ပသော အလင်းများကို ထုတ်ဖော်ကာ အပေါ်သို့ တက်လှမ်းနေကြသည်။

   အသက်ရှိုက်အနည်းငယ်ကြာပြီးနောက် သူတို့သည် လှေကားထစ်တစ်ထောင်ကျော်သို့ ရောက်ရှိလာကြသည်။
 
    ဘန်း…

     ချင်နန် တဟုန်ထိုး ပြေးတက်လာပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ဂျီးနီးယပ်များကို ကျော်သွားသည်။

    အထစ်ငါးထောင်…
  
     အထစ်တစ်သောင်း…

    အထစ်နှစ်သောင်း…

    အထစ်သုံးသောင်း…

    ချင်နန်သည် လှေကားထစ်ငါးသောင်းကို ရောက်ရှိသွားသည့်အခါ တစ်စုံတစ်ခုကို စောင့်နေသကဲ့သို့ ထိုနေရာ၌ ရပ်တန့်လိုက်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now