၁၄၁ - ၁၄၅

507 56 0
                                    


အပိုင်း (၁၄၁) ပျံဓားဂိုဏ်း

     ချင်နန်သည် သူ၏ နတ်ဘုရားသိုင်းဝိညာဉ်မျက်လုံးများဖြင့် မင်းသမီးမြောင်မြောင်၏ ခန္ဓာကိုယ်အတွင်းမှ အင်အားကိုပင် အနည်းငယ် မြင်တွေ့နိုင်ပေသည်။ သို့သော်လည်း ဤအကြိမ်သည် နတ်ဘုရားသိုင်းဝိညာဉ်မျက်လုံးများနှင့်ပင် ဘာမှမမြင်နိုင်ခြင်းကို ပထမဆုံး ကြုံဖူးခြင်း ဖြစ်သည်။
     ၎င်းမှာ သူ၏ နတ်ဘုရားသိုင်းဝိညာဉ်မျက်လုံးများ အားနည်းခြင်းကြောင့် မဟုတ်ဘဲ သူ၏ကျင့်ကြံမှုအဆင့် အလွန်နိမ့်နေသောကြောင့်သာ ဖြစ်သည်။ သိုင်းကံကြမ္မာ နန်းဆောင်အတွင်းမှ အင်အားသည် အလွန်အစွမ်းထက်ပေသည်။ ထို့ကြောင့် သူ၏စစ်ဆေးခြင်းကို တားဆီးခဲ့သည်။
     ချင်နန်သည် အနည်းငယ်သာ အံ့ဩတုန်လှုပ်နေသော်လည်း ဟောင်လုံနှင့် အခြားသူများမှာမူ အလွန်အံ့အားသင့်ထိတ်လန့်နေသည်။ အထူးသဖြင့် ရွှီးရုန်သည် မှင်သက်နေကာ တစ်ကိုယ်တည်းဗလုံးဗထွေးပြောနေသည်။
     “လှိုင်းလုံးကြီးတွေ... ရွှေရောင် ရောင်ခြည်တန်းကြီး...ဒီသိုင်းကံကြမ္မာနန်းဆောင်က ဘာလဲ"

     ကျန်းထိုင်ရီးအပါအဝင် အခြားသူများမှာမူ မည်သည့်စကားမှမပြောခဲ့ကြပေ။
     စိတ်ဝိညာဉ်ဂိုဏ်း၏ အတွင်းစည်းဒုတိယအကြီးအကဲ တစ်ယောက်အနေဖြင့် ကျန်းထိုင်ရီးသည် သိုင်းကံကြမ္မာနန်းဆောင်ကို အကြိမ်များစွာ မြင်ဖူးခဲ့ပြီး ‌၎င်းကို လေ့လာနိုင်ခဲ့သည်။ သို့သော်လည်း သူ သိုင်းကံကြမ္မာ နန်းဆောင်ကို နားမလည်သေးပါ။
     တစ်နည်းဆိုရသော် သူနားမလည်နိုင်ဟု ပြောမည့်အစား ထိပ်တန်းဂိုဏ်းကြီးလေးဂိုဏ်းအနက် မည်သူကမှ နားမလည်နိုင်ကြဟု ပြောရမည်ဖြစ်သည်။

     သိုင်းကံကြမ္မာနန်းဆောင်ဆိုတာ ဘာလဲ...

     အဲ့ဒါက ဘာလို့တည်ရှိနေတာလဲ...

     ထိုအချိန်တွင် သိုင်းဧကရာဇ် အော်ရာတစ်ခုကို ခံစားလိုက်ရသည်။
     ချင်နန် နောက်သို့ လှည့်ကြည့်လိုက်သည်။
     ဓားကြီးတစ်ချောင်းကို ကိုင်ဆောင်ထားသော သက်လတ်ပိုင်းလူတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုလူသည် ထုံပေပေပုံစံရှိပြီး သူ၏ သိုင်းဧကရာဇ်အော်ရာကို မဖုံးကွယ်ထားပေ။
      သက်လတ်ပိုင်းလူ၏ နောက်တွင် လူငယ်ငါးယောက်ရှိသည်။ ထိုလူငယ်ငါးယောက်၏ ကျောတွင် ဓားများကို ပုံစံအမျိုးမျိုးဖြင့် လွယ်ထားပြီး သူတို့၏ ဓားစွမ်းအင်များနှင့် သတ်ဖြတ်ချင်စိတ်များကို ထု‌တ်ဖော်ထားသည်။
     ရက်စက်ကြမ်းကြုတ်သော ကျင့်ကြံသူများသည် ထိုသူများကို ကြည့်ကာ လန့်ဖျပ်သွားသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now