၈၁၆ - ၈၂၀

405 46 0
                                    


အပိုင်း (၈၁၆) နောက်ကြောင်းလှန်ခြင်း

      ချွီလီရှူသည် ရှေ့သို့ တစ်လှမ်းတက်လိုက်ပြီး သားရဲများရှေ့သို့ ရောက်ရှိလာသည်။ သူသည် ချင်နန်ကို ကြည့်၍ မေးလိုက်သည်။
      “မင်းက နဂါးအင်ပါယာကလန်ကို စည်းမျဉ်းတွေချိုးဖျက်စေတဲ့လူလား…မင်းနာမည်ဘယ်သူလဲ"
  
     ပတ်ဝန်းကျင်မှ လူများ အံ့အားသင့်သွားကြသည်။
   
    ကျော်ကြားတဲ့ ချွီလီရှူက ဒီလူကို စိတ်ဝင်စားနေတာလား…ဘာလို့လဲ…

     “ချင်နန် သူ့ကို ဂရုစိုက်…ဒီကောင်က မလွယ်ဘူး"
     ရွှင်ယွင် ချင်နန်ကို အသံပို့လွှတ်လိုက်ပြီး ချွီလီရှူကိူ စူးစိုက်စွာ ကြည့်လိုက်သည်။
     သူချင်နန်ကို မကြိုက်သည့်တိုင် ချွီလီရှူကို ပို၍မုန်းပေသည်။

     ချင်နန် ခေါင်းညိတ်လိုက်ပြီး လက်သီးစုကာ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
     “ငါက ချင်နန်ပါ…နှုတ်ခွန်းဆက်ပါတယ်"

    ချွီလီရှူသည် သားရဲများ၏ ရန်လိုမှုကို လျစ်လျုရှုလိုက်ပြီး ချင်နန်ကို စူးစိုက်ကာ ကြည့်လိုက်သည်။
    “ချင်နန် ငါမမှားရင် မင်းကလည်း ဆေဘာပညာရှင်တစ်ယောက်မလား…မင်းမှာ ဆေဘာကောင်းတစ်လက်ရှိတဲ့ပုံပဲ"

     ချင်နန်သည် နဂါးအင်ပါယာကလန်၏ မကြာသေးခင်ကမှ ရွေးချယ်ထားသည့် လူသားတပည့်တစ်ယောက်ဖြစ်သည့်တိုင် ချွီလီရှူသည် ချင်နန်နှင့် အချိန်ဖြုန်းလိမ့်မည်မဟုတ်ပေ။ သို့သော်လည်း ချွီလီရှူ၏ သိုင်းဝိညာဉ်မှာ အလွန်ထူးခြားပေသည်။ တစ်စုံတစ်ယောက်၏ ကျင့်ကြံမှု မည်မျှရှိသည်ဖြစ်စေ ထိုလူသည် ဆေဘာပညာရှင်တစ်ယောက်ဖြစ်သ၍ သူသည် သူ၏ သိုင်းဝိညာဉ်ဖြင့် ဆေဘာကို စစ်ဆေးနိုင်စွမ်းရှိပေသည်။
     သို့သော်လည်း သူသည် ဆေဘာစွမ်းအင်ကိုခံစားနိုင်ရုံမှတစ်ပါး အခြားမည်သည့်အရာမျှ ရှာမတွေ့ချေ။
    ထို့ကြောင့် ချင်နန်ထံတွင် ထူးခြားအံ့ဖွယ်ရာကောင်းသော ဆေဘာတစ်ချောင်းရှိကြောင်း သူသေချာပေသည်။

      “သူက ငါ့ရဲ့ ဆေဘာစွမ်းအင်ကို ရှာဖွေနိုင်စွမ်းရှိတယ်ပေါ့"
     ထိုအချိန်၌ ချင်နန် အလွန်အံ့အားသင့်သွားသည်။
    သိုင်းဘုရင်အဆင့်ကျွမ်းကျင်သူများပင် သူ၏ ကျင့်ကြံမှုကို ထွင်းဖောက်ကြည့်နိုင်ခြင်းမရှိပေ။ သူ၏ ညာဘက်လက် ကောင်းကင်ဖြိုဖျက်ခြင်းဆေဘာဆိုပါက စကားထဲပင် ထည့်ပြောစရာမလိုပေ။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now