၇၈၁ - ၇၈၅

409 45 0
                                    


အပိုင်း (၇၈၁) သိုင်းဘီဘင်များကြားမှ တိုက်ပွဲ
 
    “အမ်…မြေပုံက ဒီနေရာကိုညွှန်ပြနေတာပဲ"
   ချင်နန်သည် မြေပုံကို သေချာကြည့်ရှုကာ ၎င်း၏ ဦးတည်ချက်အတိုင်းလျှောက်လာသည။ သူ၏ ပုံရိပ်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည့်ပမာ ခြေတစ်ချက်ကန်လိုက်ပြီး ‌တောင်တန်း၏ အနက်ပိုင်းထဲ ရောက်ရှိသွားသည်။
    ခဏကြာပြီးနောက် ရုတ်တရက် သူ၏ မျက်နှာ ပြောင်းလဲသွားကာ ချက်ချင်းပင် သူ၏ အော်ရာကို ရုပ်သိမ်းလိုက်ပြီး နတ်ဆိုးဝတ်ရုံကို ပုန်းကွယ်လိုက်သည်။

    “ဘာဖြစ်နေတာလဲ…သိုင်းဘီဘင်နှစ်ယောက်တစ်ယောက်နဲ့ တစ်ယောက်တိုက်နေကြတာလား"
    ချင်နန် မျက်မှောင်ကြုတ်နေ၏။

    ဘယ်ဘက်မျက်လုံးမှတစ်ဆင့် တိုက်ပွဲထဲတွင် တစ်ခုနှင့် တစ်ခု ရောယှက်နေကြသော အော်ရာများကို သူမြင်တွေ့နေရသည်။

    “တခြားကျွမ်းကျင်သူတွေ‌ကော ဒီတားမြစ်နေရာကို ရှာဖွေနေကြတာလား…ထားလိုက်တော့…ငါသေချာကြည့်ရအောင်"
     ချင်နန်၏ စိတ်ထဲတွင် အမျိုးမျိုးသော အတွေးများ ဖြစ်ပွားသွားပြီးနောက် ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်ပြီး စစ်နတ်ဘုရား အင်အားစီးကြောင်းသုံးခုကို ထုတ်လွှတ်ကာသူ၏ တည်ရှိမှုကို ဖုံးကွယ်လိုက်သည်။
    ထို့နောက် သိုင်းဘီဘင်အဆင့်ကျွမ်းကျင်သူများပင် သူ့အား သတိပြုမိရန် ခက်ခဲသွားသည်။

     ချင်နန် တဖြည်းဖြည်းဖြင့် ရှေ့တက်လာသည်။ သူသည် သိုင်းဘီဘင်များ မရှာတွေ့ရန်အတွက် အလွန်သတိကြီးစွာရှိနေသည်။ မဟုတ်ပါက ၎င်းသည် သူ့အတွက် ကပ်ဆိုးတစ်ခုဖြစ်စေလိမ့်မည်ဖြစ်သည်။
     တစ်ခဏကြာပြီးနောက် သူ၏ ရှေ့တွင် အစွမ်းထက်သော နတ်ဆိုးအော်ရာပြည့်နှက်နေသည့် လွင်ပြင်ကြီးတစ်ခု ထွက်ပေါ်လာသည်။
      လွင်ပြင်ထဲတွင် ရင့်ကျက်သော အော်ရာနှင့်လှပသည့် ရုပ်ရည်ပိုင်ဆိုင်သော အမျိုးသမီးတစ်ယောက်သည် လက်ရှိ၌ ရွှေရောင်ချိုများရှိသည့် နွားရိုင်းတစ်ကောင်နှင့် တိုက်ခိုက်နေသည်။
     သူတို့၏ တိုက်ခိုက်မှုများထဲ၌ ကြောက်မက်ဖွယ်ရာ စွမ်းအားများ ပြည့်နှက်နေသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now