၆၆၆ - ၆၇၀

408 49 0
                                    


အပိုင်း (၆၆၆) လျှို့ဝှက်ဆန်းကြယ်သော ပုံရိပ်...အတားအဆီးပျက်စီးခြင်း

   ထိုစဉ်အတောအတွင်း နီလာသွေးသမုဒ္ဒရာ၏ အပြင်ဘက်တွင်…

    နီလာသွေးသမုဒ္ဒရာ၏ အကာကွယ်အတားအဆီးအထက်၌ ပုံရိပ်များစွာ လွင့်မျောနေကြသည်။

    ထိုလူများသည် နိုင်ငံကာကွယ်သူလိပ်နက်၊ သွေးတောင်ပံဗာမီလီယံငှက်၊ ကျိုးပိဟွှာ၊ ဝမ်တာအိုအကြီးအကဲများဖြစ်ကြသည့် အကြီးအကဲရင်၊ အကြီးအကဲရန်၊ အကြီးအကဲရွယ်၊ ကုန်သွယ်ရေးမဟာမိတ်၏ အကြီးအကဲကြီး၊ ဒုခေါင်းဆောင်၊ ဝမ့်ရှန်နန်းဆောင်၏ အကြီးအကဲကြီးနှင့် ဒုခေါင်းဆောင်တို့ ဖြစ်ကြသည်။
     စုစုပေါင်းသိုင်းသူတော်စင်အဆင့် ကျွမ်းကျင်သူ တစ်ဆယ်ယောက် ရောက်ရှိနေကြပြီး အဖွဲ့အစည်းလေးခုလုံး၏ ထောက်တိုင်များဟု သတ်မှတ်နိုင်ပေသည်။
     သို့သော်ငြားလည်း သူတို့သည် သူတို့ အဖွဲ့အစည်း၏ ဂျီးနီးယပ်များကို စောင့်ကြပ်ရန်အတွက် ကိုယ်တိုင်ကိုယ်ကျ ရောက်လာကြခြင်းဖြစ်သည်။
    ရိုးရှင်းစွာ ပြောရမည်ဆိုပါက အဆုံး၌ အမွေအနှစ်ကို မည်သူရသွားသည်ဖြစ်စေ ထိုသိုင်းသူတော်စင်အဆင့်ကျွမ်းကျင်သူများသည် ရရှိသွားသည့်သူ့ကို သေချာပေါက် အန္တရာယ်ပေးလိမ့်မည်ဖြစ်သည်။
      ရရှိသွားသည့် လူအသက်ရှင်လျှင်ပင် အမွေအနှစ်မှာ လုယက်ခံရလိမ့်မည်ဖြစ်သည်။
   အတိတ်တွင် ဤကဲ့သို့ အဖြစ်အပျက်မျိုး များစွာ ဖြစ်ပျက်ခဲ့သောကြောင့် ကျွမ်းကျင်သူများသည် သူတို့၏ ဂျီးနီးယပ်များကို စောင့်ရှောက်ရန်အတွက်  ရောက်နေကြခြင်းဖြစ်သည်။
    ဒုတိယအချက်အနေဖြင့် ဤအစွမ်းထက်ကျွမ်းကျင်သူများ ဤနေရာသို့ ရောက်နေရခြင်းမှာ နီလာသွေးသမုဒ္ဒရာ၏ အလွန်လျှို့ဝှက်ဆန်းကြယ်သော အမွေအနှစ်ဖြစ်သည်။ ထို့ကြောင့်  အဖွဲ့အစည်းလေးခုမှ ကျွမ်းကျင်သူများသည် ၎င်းကို ကိုယ်တွေ့မြင်ချင်နေကြသည်။

     “အတားအဆီး အက်ကွဲနေပြီ"
   ကျိုးပိဟွှာ၏ ဆံပင်များ လေထဲဝဲလွင့်သွားကာ ပြောလိုက်သည်။

   အစွမ်းထက်ကျင့်ကြံသူများ၏ မျက်လုံးများတောက်ပနေကြပြီး သူတို့၏ ခန္ဓာကိုယ်ထဲမှ သိုင်းသူတော်စင်အင်အားများကို စုဆောင်းထားကြသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now