၈၄၆ - ၈၅၀

386 46 0
                                    


အပိုင်း (၈၄၆) အကြီးအကဲများ ရောက်ရှိလာခြင်း

    “ကန့်သတ်ချက်ပျက်စီးသွားပြီလား…ဒါဘယ်သူလဲ…ဒါကို ဘယ်သူလုပ်လိုက်တာလဲ"
   
     “ဟူး…နှစ်ပေါင်းရှစ်ထောင်ရှိသွားပြီ…နှစ်ပေါင်းရှစ်ထောင်…စီနီယာပြီးကတည်းက ဒါကို ဘယ်သူမှ မလုပ်နိုင်ဘူး…အခုဒါဘယ်သူလဲ"

     “ဒါကို စုံစမ်းဖို့ အခုချက်ချင်း တစ်ယောက်ယောက်ကို လွှတ်လိုက်"

    “………"

    ကန်းလန်တိုက်ကြီး၏မရေမတွက်နိုင်သော အစွမ်းထက်ပုဂ္ဂိုလ်များသည် ချက်ချင်းပင် သူတို့၏  နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျရာမှ နိုးလာခဲ့သည်။

   ဤအစွမ်းထက်ပုဂ္ဂိုလ်များသည် သိုင်းဘုရင်များမဟုတ်ကြ‌ပေ။ သူတို့အားလုံး သိုင်းနတ်ဘုရားများ ဖြစ်ကြသည်။

     ထိုစဉ်အတောအတွင်း ကန်းလန်တိုက်ကြီး၏ အနက်ရှိုင်းဆုံးတစ်နေရာ၌ …
 
   ဆံပင်အဖြူရောင်နှင့် အဘိုးအိုသည် ရုတ်တရက် အံ့အားသင့်သည့် မျက်နှာထားဖြင့် သူ၏ မျက်လုံးများကို ဖွင့်လိုက်သည်။
    “တစ်စုံတစ်ယောက်က ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ စည်းမျဉ်းတွေကို ချိုးဖျက်လိုက်ပြီလား"

    တစ်ခဏကြာပြီးနောက် ဆံပင်အဖြူရောင်နှင့် အဘိုးအိုသည် အဖြေရသွားသကဲ့သို့ သတိပြန်ဝင်သွားသည်။ သူ၏ နှုတ်ခမ်းများ အပေါ်သို့ ကွေးတက်သွားသည်။ သူ ချင်နန်ကို လုံးဝမေ့လျော့နေခဲ့သည်။
    သူ၏ အဆင့်အတန်းဖြင့် ကောင်းကင်နှင့် ကမ္ဘာမြေကြီးထက် မသာလွန်ပါက အလွန်ရယ်စရာကောင်းလိမ့်မည်ဖြစ်သည်။

   “ကံကြမ္မာကို ဖုံးထားဖို့ ပြင်ရမယ်…အခု ကောင်းကင်နတ်ဘုရားကလည်း ဒါကို သတိပြုမိသွားလောက်ပြီ…ငါတို့ သူ့ကို တွေ့ခွင့်မပေးနိုင်ဘူး"
    ခမ်းနားထည်ဝါသည့် အသံထွက်ပေါ်လာသည်။ အခြားသူမဟုတ် နတ်ဘုရားအဆင့်ပင်ဖြစ်သည်။

      “ဟား...ဟား...အခုလုပ်လိုက်မယ်"
    ဆံပင်အဖြူရောင်နှင့် အဘိုးအို ရယ်မောလိုက်သည်။

    သူ့ရဲ့ အစ်ကိုက သူ့ရဲ့ စကားတွေကို သိပ်မယုံခဲ့ဘူးမလား…

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now