၃၂၆ - ၃၃၀

457 47 0
                                    


အပိုင်း (၃၂၆) မြင့်တက်လာသော ကျင့်ကြံမှု

     ကျောင်းစစ်ရီသည် သူ့အစ်ကို ကျောင်းကျွယ်လောက် သန်မာခြင်းမရှိသော်လည်း သူ့အား ထိပ်ပိုင်းခေါင်းဆောင်တစ်ယောက်က ရွေးချယ်ထားသောကြောင့် မျှော်လင့်ချက် ကြီးကြီးမားမားထားထားသည့် ဂျီးနီးယပ်တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် သူ၏ ဝင်ရောက်လာမှုသည် လူအုပ်ကြီး၏ အာရုံအား လွယ်ကူစွာပင် ဆွဲဆောင်နိုင်ခဲ့သည်။

     ဖန်ချိုးသည် တာအိုရှာဖွေခြင်းငါးလေးရာခုနှစ်ဆယ့်ကိုးကောင်အား ဆွဲဆောင်နိုင်ခဲ့သည်။

    ဒီကျောင်းစစ်ရီက သူ့ရဲ့ ရလဒ်ကို ချိုးဖျက်နိုင်မလား...

     ကျောင်းစစ်ရီသည် တာအိုရှာဖွေခြင်းငါးအုပ်ကြီး၏ အောက်သို့ ရောက်သည့်အခါ ဖြည်းညင်းစွာပင် တင်ပျဉ်ခွေထိုင်ချလိုက်သည်။ သူ၏ မျက်နှာပေါ်မှ သတ်ဖြတ်ချင်စိတ်များမှာလည်း ရုတ်တရက် ပျောက်ကွယ်သွားပြီး သူ၏ အော်ရာမှာလည်း ချက်ချင်းတည်ငြိမ်သွားသည်။

     ထိုအပြောင်းအလဲသည် သံတမန်များနှင့် လူအုပ်ကြီးအား အံ့အားသင့်သွားစေသည်။ ဒီကျောင်းစစ်ရီသည် ကျန်းပိလန်အား ရူးသွပ်စွာ ချစ်မြတ်နိုးသော်လည်း သူ့တွင် ထူးခြားသော အစွမ်းအစရှိသည်ကိုတော့ သူတို့ လက်ခံရလိမ့်မည်ဖြစ်သည်။ သူ၏ စိတ်ထိန်းချုပ်နိုင်စွမ်းသည် ပါဝင်သူဂျီးနီးယပ်များစွာထက် သာလွန်ပေသည်။

    ထိုအချိန်၌ တာအိုရှာဖွေခြင်းငါး ငါးရာ့သုံးဆယ်သည် ကျောင်းစစ်ရီကို ကြည့်လိုက်ကြသည်။ တစ်ခဏတုံ့ဆိုင်းနေပြီးနောက် စုစုပေါင်းတာအိုရှာဖွေခြင်းငါး ငါးရာ့ကိုးကောင်သည် အမြှီးများ လှုပ်၍ ကူးခတ်လာကာ ကျောင်းစစ်ရီ၏ ဘေးပတ်လည်တွင် ကခုန်နေသည်။ ပတ်ဝန်းကျင်မှ ဂျီးနီးယပ်များ အလွန်အံ့အားသင့်သွားသည်။

     ငါးရာ့ကိုးကောင်....

     ကျောင်းစစ်ရီက တာအိုရှာဖွေခြင်းငါး ငါးရာ့ကိုးကောင်ကို ဆွဲဆောင်နိုင်ခဲ့တယ်ပေါ့...

     သံတမန်များမှာလည်း အလွန်အံ့ဩတုန်လှုပ်သွားပးကြပြီး ပွက်လောရိုက်သွားကြသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now