၆၂၁ - ၆၂၅

434 43 0
                                    


အပိုင်း (၆၂၁) မြင့်တက်လာသော ကျင့်ကြံမှု

     လက်ရှိ၌ ချင်နန်၏ ခန္ဓာကိုယ်ထဲတွင် အင်အားအမျိုးအစား နှစ်မျိုးရှိနေသည်။ ကောင်းကင်အား ဆန့်ကျင်သည့် ကနဦးစိတ်ဝိညာဉ်နှင့် သိုင်းအရှင်အဆင့်အင်အားစီးကြောင်း ကိုးဆယ့်ကိုးခုဖြစ်သည်။
     ကောင်းကင်အားဆန့်ကျင်သည့် ချီသည် သိုင်းအရှင်အဆင့်အင်အားများကို စုစည်းပြီးနောက် ရပ်တန့်သွားခြင်းမရှိပေ။ ၎င်းသည် ကောင်းကင်အားဆန့်ကျင်သည့် ကနဦးစိတ်ဝိညာဉ်ကို သားရဲတစ်ကောင်ပမာ ဝါးမျိုလိုက်သည်။

    “ဟမ်"
   ချင်နန် အံ့အားသင့်သွားသည်။

    ကောင်းကင်အားဆန့်ကျင်သည့် ကနဦးစိတ်ဝိညာဉ်သည် ကောင်းကင်အား ဆန့်ကျင်သည့် သိုင်းအရှင်အဆင့်ကို တက်ရန်အတွက် သူ၏ အခြေခံဖြစ်သည်။
     ဒီကောင်းကင်ကို ဆန့်ကျင်တဲ့ ချီက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ…

    ဘန်း…

    ထိုအချိန်၌ တုန်လှုပ်ဖွယ်ရာအဖြစ်အပျက်တစ်ခု ဖြစ်ပွားလာခဲ့သည်။

    ကောင်းကင်အားဆန့်ကျင်သည့် ချီနှင့်အတူ ကောင်းကင်အား ဆန့်ကျင်သည့် ကနဦးစိတ်ဝိညာဉ်နှင့် သိုင်းအရှင်အဆင့်အင်အားများသည် လျင်မြန်စွာ ကျုံ့သွားပြီး ဦးနှောက်အရွယ်အစားခန့်မှ လက်သီးဆုပ်အရွယ်အစားခန့် ထို့နောက် လက်သည်းခွံအရွယ်အစားခန့်ရှိ‌သော ရောင်စုံပုံဆောင်ခဲတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
   ပုံဆောင်ခဲမှ ထူးခြားသော အော်ရာနှင့် ရောင်စုံအလင်းတစ်ခုထုတ်လွှင့်နေပြီး ကုန်ခမ်းနိုင်ခြင်းမရှိသည့် အင်အားများ ပါဝင်သကဲ့သို့ပင် ဖြစ်သည်။

  သိုင်းသူတော်စင်အဆင့်ကျွမ်းကျင်သူလေးယောက်ကို စွမ်းအားပြန်လည်ရရှိစေရန်အတွက် အလုပ်များနေသော တိဖန်းယွင်သည် အပြောင်းအလဲကို သတိထားမိသွားပြီး ခေါင်းမော့ကာ ချင်နန်ကို ကြည့်လိုက်သည်။

     အကြည့်တစ်ချက်နှင့်ပင် သူအလွန်အံ့ဩတုန်လှုပ်သွားသည်။

     ချင်နန်၏ စွမ်းအားသည် ဒေါသထွက်နေသော သားရဲတစ်ကောင်ပမာ လျင်မြန်စွာ မြင့်တက်လာသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now