၇၆၁ - ၇၆၅

422 42 0
                                    


အပိုင်း (၇၆၁) မူကလန်ကို ထွက်လာခြင်း

    ဝီ…

    ကြေးနီမှန်မှ ကြောက်မက်ဖွယ်ရာ အလင်းတစ်ခု ထွက်ပေါ်လာသည်။

    လွင့်မျောတိမ်တိုက်သိုင်းဘီဘင်၏ မျက်နှာ အကြီးအကျယ်ပြောင်းလဲသွားပြီး သူ၏ ရင်ဘတ်ထုနှက်ခံလိုက်ရသည့်ပမာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။
 
    “စီနီယာ"
    လွင့်မျောတိမ်တိုက်သိုင်းဘုရင် ချက်ချင်းပြောလိုက်သည်။
    “မစိုးရိမ်ပါနဲ့…ကျုပ် စီနီယာအကြောင်း မပြောပါဘူး"

   ထိုစကားကြားသောအခါ ကြေးနီမှန် ပုံမှန်ပြန်ဖြစ်သွားသည်။

     ထိုမြင်ကွင်းအား ကြည့်ကာ ချင်နန် အနည်းငယ် အံ့အားသင့်သွားပြီး ဆွံ့အသွားသည်။

    ဒီကြေးနီမှန်က ဘာလို့ ဒီလောက်ထူးဆန်းရတာလဲ…
 
    သူက ဘာလို့ ငါ့ကို သူဘယ်သူလဲဆိုတာ မသိစေချင်တာလဲ…

    “ကောင်းပြီ…ကလေး…ငါမင်းကို တကယ်မပြောပြနိုင်တဲ့ အရာတွေရှိတယ်…ဒါပေမဲ့ ဒါကိုမှတ်ထား…သိုင်းဘုရင်အဆင့်က အဆုံးလား…သိုင်းနတ်ဘုရားအဆင့်ကကော အရေးပါလား…အရာအားလုံးထက် သာလွန်သွားမှသာ မင်းအမှန်တရားကို တွေ့ရှိလိမ့်မယ်"
     လွင့်မျောတိမ်တိုက်သိုင်းဘုရင်သည် ကြေးနီမှန်ကို တစ်ချက်ကြည့်ကာ စိတ်သက်သာရာသက်ပြင်းချလိုက်ပြီးနောက် ဆက်ပြောလိုက်သည်။
   “ကလေး…အခု ငါမင်းကို ငါ့ရဲ့ အတွေ့အကြုံတွေအားလုံး သင်ပေးမယ်…အဲဒီမတိုင်ခင် ငါ့ရဲ့ ခမ်းနားထည်ဝါတဲ့ အတိတ်ကို ကြည့်လိုက်"

    နောက်ဆုံးစကားများသည် အရိုးထဲမှ ထွက်ပေါ်လာသည့် မာနများ စွန်းထင်းနေသည်။
    ထို့နောက် ချင်နန်၏ စိတ်ထဲတွင် မရေမတွက်နိုင်သော ပုံရိပ်များ ဖြစ်ပေါ်လာသည်။
    ချင်နန်သည် ချက်ချင်းပင် ရွာငယ်လေးတစ်ခုမှ ခက်ခက်ခဲခဲကြိုးပမ်းအားထုတ်နေသည့် ပညာရှင်ပုံစံလူငယ်တစ်ယောက်ကို တွေ့လိုက်ရသည်။
     သို့သော်လည်း တစ်နေ့တွင် ကလန်တစ်ခုမှ လူတစ်ယောက်၏ အနိုင်ကျင့်ခံရပြီးနောက် ထိုလူငယ်သည် ဒေါသထွက်သွားပြီး အနိုင်ကျင့်သူကို သတ်ဖြတ်ခဲ့သည်။
      ထို့နောက် ပြန်လှည့်၍ မရသည့် လမ်းကြောင်းတစ်ခုကို စတင်ခဲ့သည်။
     ချင်နန်သည် ဇာတ်လမ်း၏ ဆွဲဆောင်မှုကို ခံနေရသည်။ ခရီးစဉ်မှာ ချောမွေ့ခြင်းမရှိသော်လည်း လူငယ်သည် ဒုက္ခနှင့် ပြဿနာများကို  ထူးချွန်သော ဉာဏ်ရည်ဖြင့် ကျော်ဖြတ်ခဲ့ပြီး ကံကောင်းမှုများ ကြုံတွေ့ကာ သူ၏ ကျင့်ကြံမှု အကြီးအကျယ်တိုးတက်ခဲ့သည်။
     လူငယ်သည် ရှေးဟောင်းဂူသင်္ချိုင်းတစ်ခုမှ တုန်လှုပ်ဖွယ်ရ။ အမွေအနှစ်ကို ပိုင်ဆိုင်ခဲ့ပြီး သူ၏ ကံကြမ္မာကို ပြောင်းလဲကာ တျန်အဆင့်တစ်သိုင်းဝိညာဉ်ကို ရရှိခဲ့သည်။
    လူငယ်သည် ဆက်လက်၍ တောက်ပလာပြီး နောက်ဆုံး၌ အလယ်ပိုင်းတိုက်ကြီးသို့ ရောက်ရှိလာသည်။
    ခရီးတစ်လျှောက်တွင် သူသည် နေရာအားလုံးမှ လူအဝောာ်များများနှင့် ညီအစ်ကိုများဖြစ်ကာ ချစ်သူအနည်းငယ်နှင့် တွေ့ဆုံခဲ့သည်။ အဆုံး၌ သူသည် အလယ်ပိုင်းတိုက်ကြီးတွင် မရေမတွက်နိုင်သော ဂျီးနီးယပ်များနှင့် ရင်ဆိုင်ကာ သိုင်းဘုရင်အဆင့်သို့ ရောက်ရှိပြီး အကြီးအကျယ် ရုတ်ရုတ်သဲသဲဖြစ်စေခဲ့သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now