၃၉၁ - ၃၉၅

519 43 0
                                    


အပိုင်း (၃၉၁) သံတမန်၏ အေးခဲသောအပြုံး

      ထိုစဉ်အတောအတွင်း ရှင်အဆင့်လေးဆေးပညာစာမေးပွဲ ကျင်းပသည့်နေရာ၌...

     နေရာတစ်ခုလုံးတစ်စပြင်တစ်ခုအလား တိတ်ဆိတ်နေသည်။ လူအုပ်ကြီး၏ မျက်နှာထားများကိုကြည့်ပြီးနောက် ချင်နန်သည် စန္ဒာမီးဆေးလုံး၏ အစစ်အမှန်သွင်ပြင်ကို မထုတ်ဖော်ရန် ဆုံးဖြတ်လိုက်သည်။ အကြောင်းမှာ မလိုအပ်တော့သောကြောင့်ဖြစ်သည်။

     “ချန်းရင်၊ ကျန့်ခွမ်...ဒီတော့ ဒီပြိုင်ပွဲမှာ ဘယ်သူက အနိုင်ရမဲ့သူလို့ မင်းတို့ထင်လဲ"
      ချင်နန်၏ စကားလုံးသည် တိတ်ဆိတ်မှုကို ဖြိုခွင်းသွား၏။

      လူအုပ်ကြီး ချက်ချင်းပင် ကျန့်ခွမ်နှင့် ချန်းရင်ကို ကြည့်လိုက်သည်။ အနိုင်ရရှိသူမှာ ချင်နန်ဖြစ်ကြောင်းကို သံသယဖြစ်စရာမလိုပေ။ သို့သော်ငြား ချင်နန်သည် ဆေးပညာတွင် ဤကဲ့သို့ ထူးခြားသော စွမ်းရည်ကို ပြသမည်ဟု မည်သူမှ မမျှော်လင့်ထားခဲ့ပေ။ လူတိုင်း သူ့ကို လျှော့တွက်ခဲ့သည်။

     “ငါ..."
     ချန်းရင်နှင့် ကျန့်ခွမ်တို့၏ မျက်နှာများ မယုံနိုင်လောက်အောင် ဖြူဖျော့သွားကြသည်။

     ဖြစ်စဉ်တစ်ခုလုံးသည် သူတို့၏ မျက်နှာများအား တရစပ်ရိုက်နေခြင်းဖြစ်သည်။

     သူတို့ ဘာပြောနိုင်ပါမည်နည်း...

     “ထွက်သွား.."
     ချင်နန် သူတို့လို လူစားမျိုးနှင့် ဖက်ပြိုင်လိုစိတ်မရှိသောကြောင့် အေးစက်စွာ ပြောလိုက်သည်။

      ချန်းရင်နှင့် ကျန့်ခွမ်တို့၏ မျက်နှာများ ပူစပ်ပူစပ်ဖြစ်သွားပြီး ချက်ချင်း ထွက်သွားရန်ပြင်လိုက်သည်။ အကယ်၍ သူတို့သာ ဆက်နေနေပါက အကြီးအကျယ် အရှက်ကွဲလိမ့်မည်ဖြစ်သည်။

      ထိုအချိန်၌ စာမေးပွဲဖြေဆိုသည့် နေရာသို့ အစွမ်းထက်သော အော်ရာများ တရစပ်ရောက်ရှိလာကြသည်။ ရောက်ရှိလာသော သူများမှာ အဖြူရောင်ဝတ်ရုံဝတ်ဆင်ထားကြပြီး ရင်ဘတ်တွင် ရွှေရောင်သင်္ကေတခြောက်ခုထွင်းထားသည်။ အချို့ဆိုလျှင် ရွှေရောင်သင်္ကေတခုနှစ်ခုပင် ထိုးထွင်းထားသည်။ တစ်နည်းဆိုရပါက ထိုဆေးပညာရှင်အားလုံးသည် ရှင်အဆင့်ခြောက်နှင့် ရှင်အဆင့်ခုနှစ် ဆေးပညာရှင်များ ဖြစ်ကြသည်။
      တပည့်အုပ်ကြီး အံ့အားသင့်သွားကြသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now