၄၆၆ - ၄၇၀

385 48 0
                                    


အပိုင်း (၄၆၆) သင်္ကေတစာလုံးကိုးခု၏ ဆက်ခံသူ

     “ဘယ်သူလဲ"
     ထိပ်ပိုင်းခေါင်းဆောင်ယန်နှင့် အခြားသူများ တုန်လှုပ်သွားကြသည်။ ထိုလူမှ ထွက်ပေါ်နေသော အော်ရာသည် ချင်နန်ထက် မည်သို့မျှ အားနည်းခြင်းမရှိပေ။

     ဒါပေမဲ့...ဘယ်သူက ချင်နန်ဘက်မှာ ရပ်နေပြီး ဖေးရန်မြင့်မြတ်နေရာကို ဆန့်ကျင်ရဲတာလဲ...

     ထိုအချိန်၌ ရောက်ရှိလာသောသူသည် ယခင် သွေးသင်္ချိုင်းဂူစမ်းသပ်မှုတွင် အဆင့်ခြောက်ဖြစ်ခဲ့သော သုညဖြစ်ကြောင်းကို သေမင်းကျွန်၊ ထိပ်ပိုင်းခေါင်းဆောင်ယန်နှင့် အခြားသူများ သိရှိသွားကြသည်။

     “ဒါ..."
     မင်းသမီးမြောင်မြောင်ပင် အံ့အားသင့်သွားသည်။

     ကြောက်မက်ဖွယ်ရာအော်ရာထုတ်ဖော်နေသော လူသည် သူ၏ ဦးခေါင်းကိုမော့ကာ ချင်နန်ကို အေးဆေးတည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
      “ငါတို့ နောက်ဆုံးတွေ့ခဲ့တာ နှစ်ဝက်လောက်ရှိနေပြီထင်တယ်...မင်းက ဘာမှ မပြောင်းလဲသေးဘူးပဲ"

      ထိုလူမှာ အခြားသူမဟုတ် ဂွန်ယောင်ပင်ဖြစ်သည်။
    သူသည် သင်္ကေတစာလုံးကိုးခု၏ ဆက်ခံသူအဖြစ် ရွေးချယ်ခံရပြီးနောက် အောက်ပိုင်းခရိုင်မှ သတင်းများကို နားစွင့်ကာ ကြိုးကြိုးစားစား ကျင့်ကြံအားထုတ်နေခဲ့သည်။ သေမင်းပင်လယ် ဖွင့်လှစ်ခါနီးသောအခါ သူသည် ချင်နန်၏ အခြေအနေကို သိရှိသွားခဲ့သည်။ ထို့ကြောင့် သူသည် ချင်နန်အား ကူညီရန် ဤနေရာသို့ လာခဲ့ခြင်းဖြစ်သည်။

      “အစ်ကိုယောင်"
     ချင်နန် ဝမ်းသာပျော်ရွှင်သွားသည်။ ယခုအချိန်၌ သူသည် သူ၏ အစ်ကိုနှင့် ပြန်လည်ဆုံတွေ့လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

      မင်းသမီးမြောင်မြောင် သူမ၏ အတွေးများကို ပြန်လည်စုစည်းလိုက်သည်။ ဂွန်ယောင်ကို ဤနေရာတွင် တွေ့ရခြင်းမှာ အံ့အားသင့်စရာပင်ဖြစ်သည်။

      “ကောင်းပြီ...အခုက ငါတို့ စကားပြောရမဲ့ အချိန်မဟုတ်သေးဘူး...ဒီအမှိုက်တွေကို ငါကိုင်တွယ်လိုက်မယ်...မင်းက ရှောင်ကျုံးဟွှမ်ကို လိုက်ဖမ်းလိုက်"
      ဂွန်ယောင်၏ မျက်နှာမှာ တည်ကြည်သွားပြီး ဟိတ်ဟန်ကြီးမားစွာဖြင့် ခိုင်မာစွာ ပြောလိုက်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now