၂၇၆ - ၂၈၀

556 49 0
                                    


အပိုင်း (၂၇၆) အဖေ့ရဲ့သားက သားမိုက်ပါ

     ထျဲန်ဖှောင်းတောင်ထဲတွင်...

    ချင်နန်သည် မျက်လုံးမှိတ်ထားသော ဧရာမချီနဂါးကြီး ရှေ့၌ မျက်လုံးပိတ်၍ ထိုင်နေသည်။ သူသည် အဆက်မပြတ် ရှူသွင်းရှူထုတ်လုပ်နေပြီး သူ၏ မွေးညင်းပေါက်များမှ ထွက်ပေါ်နေသော အဖြူရောင်အငွေ့များသည် ဧရာမချီနဂါးကြီး၏ ခန္ဓာကိုယ်ထဲ ၀င်ရောက်လာကာ ချီနဂါးကြီးအား ပို၍သက်၀င်လာစေသည်။

    ထိပ်ပိုင်းခေါင်း‌ဆောင်ကျန်း သူ့အားပေးခဲ့သည်ကံဇာတာကောင်းမွန်သီးသည် လုံး၀သာမန်မဟုတ်ပေ။ ၎င်း၏ အရည်အသွေးအား သေချာမသိသော်လည်း ကံဇာတာကောင်းမွန်သီးအတွင်းမှ ဖုံးလွှမ်းနေသည့် ကြီးမားသောအင်အားကို ခံစားနိုင်ပေသည်။ ထို့ကြောင့် သူသည် ဧရာမချီနဂါးကြီး၏ထိပ်၌ ကုစားရန် ရွေးချယ်ခဲ့သည်။ သူ၏ ပြင်းထန်သောဒဏ်ရာများ ပြန်လည်သက်သာလာရုံမက ချီနဂါးကြီး၏ ကျင့်ကြံမှုကိုလည်း ကူညီနိုင်ခဲ့ကာ ယခင်အကြွေးအား ပြန်လည်ပေးဆပ်နိုင်ခဲ့သည်။

    ဘန်း....

     မီးပြင်းဖိုမှ မီးတောက်လာသကဲ့သို့ ချင်နန်၏ ခန္ဓာကိုယ်တစ်ခုလုံး မီးလျှံများ ပျံ့နှံ့သွားသည်။

    ဝေါင်း...

    သူ၏ စိတ်ထဲ၌ သားရဲအော်သံများ အဆက်မပြတ်ထွက်ပေါ်လာပြီး သူ၏ နတ်ဘုရားအာရုံသည် တည်ငြိမ်သော အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။

    ရက်အနည်းငယ်ခန့်ကုစားပြီး‌နောက် ကံဇာတာကောင်းမွန်သီးအကူအညီဖြင့် ချင်နန်သည် ယခင်ဒဏ်ရာများ လုံး၀သက်သာလာခဲ့သည်။ ထို့ပြင် သူ၏ နတ်ဆိုးနှင်ထုတ်နှလုံးအေးကျင့်စဉ် (ပညာရပ်ကို ကျင့်စဉ်လို့ ပြောင်းသုံးလိုက်တာပါခင်ဗျာ) နှင့် သူ၏ နေရောင်ရွှေခန္ဓာကျင့်စဉ်တို့မှာလည်း အနည်းငယ်တိုးတက်လာကာ သူပိုမိုသန်မာလာခဲ့သည်။

     “အရေးကြီးဆုံးကတော့ ငါ့ရဲ့ ကိုယ်တွင်းအူတိုင်..."
     ချင်နန်သည် သူ၏ စိတ်ထဲတွင် ညည်းညူလိုက်သည်။ လွန်ခဲ့သော ရက်အနည်းငယ်က သူသည် ကံဇာတာကောင်းမွန်သီး၏ အင်အားကို ထိန်းချုပ်၍ သူ၏ အူတိုင်အား သန့်စင်ခဲ့သဖြင့် လျင်မြန်စွာ သက်သာလာခဲ့သည်။ သို့သော်လည်း သူ၏ ယခင်အခြေအနေပြန်ရောက်ရန်အတွက်မူ ရက်ပေါင်းများစွာ လိုဦးမည်ဖြစ်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now